အကယ်၍ဒီလိုလေးမေးလာခဲ့သည်ဆိုပါစို့ (၂) (ထက်ဇော်ထူး)
အကယ်၍ဒီလိုလေးမေးလာခဲ့သည်ဆိုပါစို့ (၂)  ၂၀၁၈ မေးခွန်းရဲ့ Stlylistic Transformation ရဲ့ နံပါတ် (၁) မှာ မေးခဲ့တာလေး- Nowadays, respect for money has replaced respect for wisdom and knowledge. အဲ့ဒီစာကြောင်းကို Passive ပြောင်းရေးတဲ့အခါ by-phrase မသုံးဘဲ with-phrase သုံးရပါတယ်။ ✔️ Nowadays, respect for wisdom and knowledge has been replaced with respect for money. 👉 by-phrase က action ရဲ့ agent အတွက် သုံးရပါတယ်။ 👉 with-phrase က ထို action ကို လုပ်ဆောင်ဖို့ အသုံးပြုတဲ့ပစ္စည်းတွေရဲ့နောက်မှာ သုံးပါတယ်။ (အသေးစိတ်ဖတ်ချင်ရင် Oxford Practice Grammar စာမျက်မှာ ၆၄ မှာဖတ်ပါ) ✍️ cover, decorate, align, associate, crowd, fill စတဲ့ verb တွေရဲ့နောက်မှာ with-phrase နဲ့ တွဲသုံးရပါတယ်။ နမူနာစာကြောင်းလေးတွေ ကြည့်ရအောင်ပါ။ (1) Sapphires cover the walls of the Hotai library. The walls of the Hotai library is covered with sapphires. (2) Holidaymakers crowded the beaches. The beaches were crowded with holidaymakers. (3) Chil...