Posts

Showing posts with the label English Lesson

HOW TO BECOME A BETTER YOU EVERY DAY (Dr. Soe Than)

HOW TO BECOME A BETTER YOU EVERY DAY မိမိကိုယ်ကို နေ့စဥ်ပိုမိုတိုးတက်လာစေဖို့ 1. Become more observant. Notice everything that surrounds you. The world is full of examples, ideas, words, wisdom, mistakes and experiences. ပိုပြီးမြင်တတ်အောင်ကြည့်ပါ။ မိမိရဲ့ပတ်ဝန်းကျင်က အရာအားလုံးကို သတိထားကြည့်ပါ။ လောကကြီးမှာ နမူနာတွေ၊ စိတ်ကူးစိတ်သန်းတွေ၊ စကားလုံးတွေ၊ အမှားတွေ၊ အတွေ့အကြုံတွေနဲ့ အပြည့်ပါပဲ။ 2. Collect ideas. Ideas and thoughts tend to evaporate from your mind too fast. Try to capture them before it is too late. ldeally, write down or sketch every single one. စိတ်ကူး အကြံအစည်တွေကို စုပါ။ စိတ်ကူးတွေ ထင်မြင်ချက်တွေဟာ သင့်ရဲ့စိတ်ထဲကနေ ခပ်မြန်မြန်ပဲ ပျောက်ပျက်သွားတတ်တယ်။ အဲဒါတွေကို အချိန်မီ အမိအရဖမ်းလိုက်နိုင်ဖို့လိုတယ်။ ကောင်းတာက အတွေးစိတ်ကူးတစ်ခုကို ချရေး သို့မဟုတ် ပုံကြမ်းလေးခြစ်ထားလိုက်ပါ။ 3. Read. Read a lot. Reading is probably the best investment of time ever. Devote at least 30 minutes per day to reading. Ideally, have a book always with you. စာကို များများသာဖတ်။ စာဖတ်ခြင်းဟာ အချိန်ကိ...

ရောထွေးတတ်စေတဲ့ စကားလုံးလေးတွေ (​ဒေါက်တာစိုးသန်း)

Image
ရောထွေးတတ်စေတဲ့ စကားလုံးလေးတွေ မနေ့က Nick Tyler ဆိုတဲ့ account name ပိုင်ရှင် စာဖတ်သူတစ်ယောက်က ဒီမေးခွန်းလေးကို မေးလာပါတယ်။ "ဆရာ မေးခွင့်ပြုပါ... မျက်စိ မှောက်တာကို English လို ဘယ်လိုပြောရမလဲဆရာ... My eyes skipped over this word လို့ သုံးလို့ရပါလား ဆရာ.." သူ့မေးခွန်းကို comment box မှာ ပြန်ဖြေပေးရင်းနဲ့ ဒီလို စကားလုံးလေးတွေအချို့ဟာ ကိုယ်ငယ်စဥ်ကျောင်းသားဘဝကလည်း ရောထွေးမှတ်တတ်လို့ စာသင်သားများ သတိပြုမိအောင် ဒီ post လေးကို အခုချရေးလိုက်တာပါ။ မြန်မာစကားမှာ "စားကြည့်ပါ" နဲ့ "ကြည့်စားပါ" အဓိပ္ပါယ် မတူဘူးနော်။ "စားကြည့်ပါ" ဆိုတာ စမ်းစားကြည့်၊ မြည်းစမ်းကြည့်ခိုင်းတာ။ အစားအသောက် "ကြည့်စား" နော်လို့ ပြောတာကတော့ အစား ဆင်ခြင်ဖို့ သတိပေးတာ။ "စား" နဲ့ "ကြည့်" နေရာပြောင်းလိုက်တာနဲ့ အဓိပ္ပါယ် ကွဲထွက်သွားပါတယ်။ အဲဒီလို သဘောမျိုးပါပဲ အင်္ဂလိပ်စာမှာလည်း အချို့ phrasal verb လေးတွေကို ရှေ့ နောက် ပြောင်းပြန်နေရာရွှေ့လိုက်ရင် သူ့ရဲ့မူလ အဓိပ္ပါယ်ပြောင်းသွားတဲ့အပြင် word form ပါ ပြောင်းသွားတတ်တာမို့ ကျောင်းသားတွေကို မျက်စိလည်စေနိုင်ပါတယ်။ စဥ...

အချစ်စာမျက်နှာ (ဒေါက်တာစိုးသန်း)

 အချစ်စာမျက်နှာ ( Covid ဖြစ်ကာစအချိန် လွန်ခဲ့တဲ့ငါးလက တင်ခဲ့တဲ့ post) သူက တစ်ရွာ ကိုယ်က တစ်မြို့မှာ။ လေယာဥ်ပျံကြီးတွေလည်း မပျံနိုင်ကြတော့ဘူး။ ခန္ဓာကိုယ်ကိုသာ quarantine လုပ်ထားလို့ရမယ်၊ မင်းကို သတိရတဲ့စိတ်ကို lockdown ချထားလို့မရလို့ ကဝိကျော်အချို့ရဲ့ အချစ်စာမျက်နှာဟောင်းတွေကို ပြန်ဖွင့်ဖတ်ပြီး သတိရခြင်းများ လေလှိုင်းပေါ်မှ ပေးပို့လိုက်တယ်။ 💜The way to love anything is to realize that it may be lost. — Gilbert K. Chesterton ဆုံးရှုံးရတတ်တယ်ဆိုတဲ့ အသိနဲ့သာ ဘာမဆိုကို ချစ်တတ်ပါ။ ❤️There is only one happiness in this life, to love and be loved. — George Sand ဒီဘဝမှာ ပျော်စရာဆိုလို့ တစ်ခုသာရှိတယ်၊ ကိုယ်ချစ်သူက ပြန်ချစ်တာခံရခြင်းပါ။ 💜At the touch of love everyone becomes a poet. — Plato အချစ်နဲ့ထိတွေ့လိုက်ရင် လူတိုင်းဟာ ကဗျာဆရာတွေဖြစ်သွားကြရော။ ❤️If I had a flower for every time I thought of you… I could walk through my garden forever. — Alfred Tennyson မင်းကို လွမ်းဆွတ်တိုင်းသာ ကိုယ် ပန်းတစ်ပွင့်ရခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ ပန်းဥယျာဥ်ကြီးထဲ ထာဝရလမ်းလျှောက်လို့ ရနေလောက်ပြီ။ 💜Tis better to ...

အပေး အယူမျှဖို့လိုတယ်။ (​ဒေါက်တာစိုးသန်း)

Image
  အပေး အယူမျှဖို့လိုတယ်။ လူအချို့ကတော့ လောကကြီးကို ပေးဆပ်ဖို့သာ ရောက်လာကြတာမျိုးရှိတယ်။ ကိုယ်ကျိုးကိုရှေ့တန်းမတင်တတ်တဲ့သူ၊ သူက သူများဆီက ဘာကိုမှမလိုချင်ဘဲ သူများအတွက်၊ အများကောင်းကျိုးအတွက်သာ သူ့ဘဝတစ်ခုလုံးကို ပေးဆပ်ချင်သူမျိုးပေါ့။ လူ့ဘောင်လောကကြီးမှာ အဲဒီလိုမျိုး သူတော်ကောင်းတွေအများကြီးရှိတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာ တစ်ချက် ဝေ့ကြည့်လိုက်ရင် အများအကျိုးကို စေတနာမှန်မှန်နဲ့ ဆောင်ရွက်နေတဲ့ ပရဟိတသမားတွေ၊ မိမိထက်နွမ်းပါးသူများကို ပေးကမ်းလှုဒါန်းကြသူတွေ စသည်ဖြင့် "အပေးသမား" တွေကို တွေ့နိုင်ပါတယ်။ သို့သော် အချို့ကတော့ လူရယ်လို့ဖြစ်လာတာ သူကသာ သူများဆီက ယူမယ်ဆိုတဲ့ "အယူသမား" သက်သက်တွေလည်းရှိပါတယ်။ လောကကြီးမှာ အဲဒီလို အယူသမားတွေသာများလာရင် ကမ္ဘာကြီး ပိုပြီးပူနွေးလာမယ်၊ သဘာဝ သယံဇာတတွေ ပိုရှားပါးလာမယ်၊ အမြတ်ကြီးစားတွေ များလာမယ်၊ မင်းဆိုးမင်းညစ်တွေ ပိုများလာမယ်၊ လောဘ ဒေါသတွေ ပိုများလာပြီး လူ့ဘောင်လောကကြီးဟာ နေချင်စရာမကောင်းတော့တဲ့ Dystopia လို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ undesirable or frightening society ဖြစ်သွားပါလိမ့်မယ်။ မိမိတို့ရဲ့ အိမ်နီးချင်းများနဲ့ ပေါင်းသင်းဆက်ဆံရာမှာဖြစ...

ဘာလို့ E to E နေကြတာလဲ (ဒေါက်တာစိုးသန်း)

Image
  ဘာလို့ E to E နေကြတာလဲ အင်္ဂလိပ်စာကို သင်ရာမှာ ဆရာက (မြန်မာဆရာဖြစ်စေ၊ နိုင်ငံခြားသားဆရာဖြစ်စေ) အတန်းထဲမှာ ကျောင်းသားတွေကို အင်္ဂလိပ်လိုပဲ တိုက်ရိုက်တစ်ချိန်လုံးပြောပြီးသင်တယ်၊ ကျောင်းသားရဲ့ native language ဖြစ်တဲ့ မြန်မာစကားနဲ့ မရှင်းပြဘူး။ မြန်မာလို လုံးဝ ဘာသာမပြန်ပြဘူး။ ကျောင်းသားနားမလည်တဲ့ အဂ်လိပ်စကားလုံးအသစ်တစ်ခုရဲ့ အဓိပ္ပာယ်ကိုလည်း အဂ်လိပ်ဘာသာနဲ့ပဲ ပြန်ရှင်းပြတယ်။  အဲဒီလိုသင်ပုံ၊ အင်္ဂလိပ်စာကို အင်္ဂလိပ်စာနဲ့ပဲပြန်သင်ပြပုံနည်းစနစ်ကို Teaching English to English လို့ ဘာကြောင့်ပြည်တွင်းမှ လူငယ်ဆရာအချို့ခေါ်နေကြသလဲ ကျွန်တော်မသိပါ။  ကျွန်တော် ကြားဖူးတာကတော့ EMI လို့ အတိုကောက်ခေါ်ကြတဲ့ English as a Medium of Instruction သို့မဟုတ် English Medium Instruction ပါပဲ။ အင်္ဂလိပ်စာကိုဖြစ်စေ၊ သင်္ချာ၊ သမိုင်း စသည့် ဘယ်ဘာသာရပ်ကိုမဆို ဆရာမှ အင်္ဂလိပ်လိုသာပြောပြီးသင်ပေးတာကို English Medium Instruction လို့နိုင်ငံတကာမှာ သုံးကြပါတယ်။ At our university, we use English as the medium of instruction. ငါတို့ တက္ကသိုလ်မှာ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုပဲသင်ရတယ်။ (ဝါကျထဲမှာထည့်ပြောချင်ရင်ပေ...

ညီငယ် ညီမငယ် အင်္ဂလိပ်စာ ဆရာ ဆရာမတို့ (ဆရာဒေါက်တာစိုးသန်း)

Image
  ညီငယ် ညီမငယ် အင်္ဂလိပ်စာ ဆရာ ဆရာမတို့ မေလ ၁၁ ရက်၊ lunch break မှာ ငါ ဘာစာတွေဆက်ရေးရမလဲလို့ ကျွန်တော်တွေးနေခဲ့တာ။ သို့ပေမယ့် ပြည်တွင်းမှာ စာသင်သားတွေဖတ်ဖို့ အင်္ဂလိပ်စာ စာကောင်း စာသန့်များများပေါ်ထွက်လာဖို့ဟာ ကိုယ်တစ်ယောက်တည်းရေးနေလို့မှ မရတာပဲ။ လူငယ် ဆရာ ဆရာမလေးတွေကို စိတ်ထဲပေါ်လာတာလေး လှမ်းပြောဖို့ ဒီ post ကိုရေးလိုက်ပါတယ်။ အင်္ဂလိပ်စာအဓိကတို့၊ ပညာရေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ကြပြီး ယခု အင်္ဂလိပ်စာကို သင်ကြားပို့ချပေးနေကြတဲ့ လူငယ် ဆရာ ဆရာမများကို နှစ်ချက်ပြောချင်တယ်။ ၁။ မိမိရဲ့ ဘာသာရပ် subject၊ အထူးပြုလေ့လာမှု discipline နဲ့ပတ်သက်ပြီး ရပ်မနေကြဘဲ ဝမ်းစာဆက်ဖြည့်ဖို့ စာပိုဖတ်ကြပါ။ ကျောင်းတော်ကြီးက သင်ပေးလိုက်တာတွေကို backbone ကျောရိုး၊ မဏ္ဍိုင် ပမာ၊ tap root ရေသောက်မြစ်ပမာ သဘောထားကာ ဆက်လက်၍ဖြန့်ကျက်လေ့လာကြပါ။ ကိုယ့်ဆရာတွေ စိုက်ပေးလိုက်တဲ့ ပညာအပင်ပေါက်ကို ရှင်သန်ကြီးထွားအောင် ကိုယ်တိုင်စောင့်ရှောက်ကြပါ။ ကိုယ်သင်ပေးတဲ့ကျောင်းသားတွေ အတန်းထဲမှာ ခဏ စိတ်ဝင်စားအောင် card game တွေ၊ role play game တွေဆော့တတ်တာ၊ TKT လို ဘယ်သူမဆို နှစ်လ သုံးလလောက်လေ့လာလို့ရတဲ့ teaching methods ပေါင်းစုံလေ...

Different Ways of Saying Thank you (ဒေါက်တာစိုးသန်း)

Image
ကျေးဇူးတင်ပါတယ် Thank you so much. သူတပါးက ကိုယ့်ကိုကူညီလို့ ကျေးဇူးတင်ကြောင်း အင်္ဂလိပ်လို ပြောပုံ ရေးပုံလေးတွေကို မှန်ကန်စေချင်လို့ ဒီဆောင်းပါးရေးလိုက်ပါတယ်။ Thank ကို Verb လိုသုံးပုံကို အရင်ကြည့်ပါ။ I thank you for your help. (thank မှာ s မပါဘူး) She thanks you for your help. (thank မှာ s ပါတယ်။ she က singular subject မို့လို့) thank ကို Noun လိုသုံးရင်တော့ thanks ဟု အမြဲ s ထဲ့ပါ။ Thanks. You are really helpful. ထပ်ပြောမယ်... thank ကို verb လိုသုံးရင် subject အပေါ်မူတည်ပြီး s ထဲ့ဖို့လိုမလိုဆုံးဖြတ်ပါ။ thank ကို noun လိုသုံးရင် အမြဲ thanks ဆိုပြီး s ပေါင်းပေးပါ။ ထပ်ပြီး နမူနာလေးတွေကြည့်ပါ။ Thanks a lot. ကျေးဇူးအရမ်းတင်တယ်။ (thank ဟာ ဒီမှာ noun။ s ပါတယ်) Thanks very much. (noun, s ပါတယ်) Thank you very much. (verb, s မပါဘူး) Thank you so much. (verb, s မပါဘူး) My friend thanks you for your help. (verb, singular subject မို့ s ပါတယ်) We thank you for your support. (verb, plural subject မို့ s မပါဘူး) ဆက်ပြီး စကားပြောရာမှာ ကျေးဇူးတင်ကြောင်းပြောပုံတွေကြည့်ကြစို့။ informal အသုံးတွေပါ။ Tha...

10 Ways to Say Someone is Talented (ဒေါက်တာစိုးသန်း)

10 Ways to Say Someone is Talented အရမ်းတော်တာပဲ...အရမ်းကြွမ်းကျင်တာပဲ...ကိုပြောပုံများ ဒီ topic နဲ့ပတ်သက်လို့ ဝါကျလေးတွေကို မလေ့လာမှီ အဲဒီဝါကျလေးတွေထဲမှာတွေ့ရမယ့် vocabulary words လေးတွေစမှတ်ကြရအောင်..... natural (adjective)= သဘာဝကျသော၊ သဘာဝတရားနှင့်ဆိုင်သော natural (noun)= အလွန်အမင်းကြိုးစားအားထုတ်စရာမလိုပဲ တစ်ခုခုကိုလွယ်ကူစွာနှင့်လုပ်ဆောင်နိုင်သူ၊ အံဝင်ဂွင်ကျအောင်လုပ်နိုင်သူ (ဇ ပါလာပြီးသား) encyclopedia (noun)= စွယ်စုံကြမ်း talent (noun)= ထူးချွန်မှု၊ ထူးခြားသောအရည်အချင်း၊ ပါရမီ talented (adjective)= ထူးချွန်သော၊ ပါရမီပါလာသော gift(noun)= လက်ဆောင် gifted (adjective)= တမူမတူအောင်ထူးချွန်သော။ ပါရမီရှိသော (သူ့အား ထိုအရည်အချင်းကို ဘုရားက မွေးကတည်းက ပေးလိုက်သည့်ပမါ) whiz(noun)= wizard= မှော်ဆရာလေး၊ ပါရမီရှင် ကဲပြောရမယ့် ဝါကျလေးတွေစလိုက်ရအောင်.... 1. someone was born to + Verb သူဟာ ဒါလုပ်ဖို့အတွက်မွေးဖွားလာတာ Collectors pay a very high price for U Ba Kyi's paintings. He was born to paint. ပန်းချီကားစုဆောင်းသူတွေဟာ ဦးဘကြည် ရဲ့ကားတွေကို ဈေးကြီးပေးဝယ်ကြတယ်။ သူဟာ ပါရမီရှင်ပန်းချီဆရာကြီ...

Toss and turn (ဒေါက်တာစိုးသန်း)

Image
TOSS AND TURN "အိပ်လို့မရ ညကြီးမင်းကြီး ထပြီးထိုင်နေ မွေ့ယာတွေလည်း ကြေမွတွန့်လိပ် သိပ်စိတ်ညစ်တယ်.......... .................." ကဗျာဆရာမကြီး ဒေါ်ကြည်အေးရဲ့ 'တစ္ဆေ' ကဗျာထဲက စာသားလေးတွေ။ RC 2 မှာကျောင်းစတက်တော့ အတွဲမိဆုံး သူငယ်ချင်း ကိုညွန့်ဝေ (ဆရာ ညွန့်ဝေမိုး) က တရက် မနေ့ညကအိပ်မပျော်ဘူးဗျာ လို့ canteen မှာသူနဲ့ထိုင်နေတုန်းပြောလိုက်တော့ သူက အဲဒီ စာသားလေးတွေ ပြုံးပြီးရွှတ်ပြခဲ့တာမှတ်မိနေတုန်းပါ..... Tossing and turning.. ညဖက် အိပ်ယာထဲမှာ စိတ်ဖိစီးမှုကြောင့် စိတ်သောကရောက်နေမှုကြောင့် တခုခုကြောင့် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် အိပ်လို့မပျော်တာ ....ဖြစ်ဖူးကြလား။ coffee တို့ လ္ဘက်သုပ်တို့ များသွားလို့လည်းဖြစ်မှာပေါ့။ ပြောချင်တာက အဲလိုမျိုး အိပ်လို့မပျော် အိပ်ယာထဲမှာ ဘယ်လှိမ့်လိုက် ညာလှိမ့်လိုက်ဖြစ်နေတာကို အင်္ဂလိပ်စာမှာ TOSSING AND TURNING လို့သုံးတယ်။ I was tossing and turning the whole night; the fact that I have to give a speech on the stage kept me awake. ငါ တညလုံး ဟိုလှည့်ဒီလှည့်နဲ့ပဲ၊ စင်မြင့်ပေါ်မှာ မိန့်ခွန်းပြောရမယ်ဆိုတာကြီးကြောင့် အိပ်လို့ကိုမရ...

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)

Image
အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) အင်္ဂလိပ်စာမှာ idiom အသုံးဆန်းတွေအများကြီးပါပဲ။ တချို့ idiom တွေဟာ ယဉ်ကျေးမှုခြင်းမတူလို့ အသုံးပြုရတဲ့ context ဟာ limited ဖြစ်တာတွေကြောင့်မို့ မြန်မာကျောင်းသားများအတွက် နားလည်ရခက် ခံစားရခက်တာတွေဖြစ်နိုင်ပါတယ်။ the whole nine yards တို့ catch 22 တို့လို idiom မျိုးတွေ ဥပမာကြည့်ပါ။ မြန်မာကျောင်းသားတွေအတွက် user friendly မဖြစ်တဲ့ idiom တွေပါ။ သို့သော် ဒီနေ့ ဒီpost မှာ တင်ပြပေးချင်တာက ကိုယ့်ရဲ့ မြန်မာစကား အသုံးအနှုန်းမှာလည်း ခပ်ဆင်ဆင်ရှိပြီးသားမို့ မှတ်လို့လည်းလွယ်နိုင်မဲ့ အသုံးများတဲ့ လှပတဲ့ အင်္ဂလိပ် idiom လေးတချို့ဖြစ်ပါတယ်။ ကဲ...စလိုက်ကြစို့။ ၁။ ကိုယ့်စကားမှာ "မင်းဟာ မရောင်ရာဆီလူးနေတာပဲ" "ခုတ်ရာတခြား ရှရာတခြားဖြစ်နေပြီ" ဆိုပြီး တလွဲဖြစ်နေတာကိုညွှန်ပြချင်ရင် သုံးကြတယ်။ အဲလိုမျိုး အင်္ဂလိပ် idiom က... barking up the wrong tree တဲ့။ ခွေးက သစ်ပင်မှားပြီးဟောင်နေသလို။ သူလိုက်ဖမ်းနေတဲ့ သားကောင်လေးက ဟိုဖက်သစ်ပင်ထဲ ခုန်ပြေးပြီး ပုန်းနေတာကိုမသိပဲ ခွေးကဒီအပင်ကိုပဲမော့ကြည့်ပြီးဟောင်နေတာ။ မင...

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၂) (ဒေါက်တာစိုးသန်း))

Image
အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၂) ကဲ ... ကိုယ့်မြန်မာစာမှာ ဆင်တူရိုးမှားအသုံးတွေရှိပြီးသားမို့ မြန်မာကျောင်းသားတွေအတွက် မှတ်ရလွယ်ကူစေပြီး အသုံးများလို့ သိထားသင့်တဲ့ နောက်ထပ် idiom လေး ငါးခုကို နမူနာဝါကျလေးတွေနဲ့ လေ့လာကြည့်ကြပါစို့။ ၆။ ဟော ...မင်းတော့ အသက်ရှည်ဦးမယ်၊ သေခဲဦးမယ်၊ ခုပဲမင်းအကြောင်းကို တို့တွေပြောနေကြတာ....လို့ သူငယ်ချင်းတစ်ယောက် ကိုယ်တွေသူ့အကြောင်းပြောနေကြတုန်း ပေါက်ချလာရင်ပြောကြတယ်နော်။ အင်္ဂလိပ်စာမှာလည်း အဲဒီလိုမျိုး အဓိပ္ပါယ်တူ speaking မှာ အရမ်းအသုံးများတဲ့ idiom က... Speak of the devil. တဲ့။ Talk of the devil. လို့လည်းပြောင်းသုံးကြတယ်။ devil ဆိုတာ နတ်ဆိုး၊ မကောင်းဆိုးဝါးပါ။ ဒီ idiom ဟာ "Speak of the devil and he doth appear." ဆိုတဲ့ စကားပုံကနေဆင်းသက်လာတာပါ။ ဥပမာ dialogue လေးကြည့်ပါ။ A: Hi, guys, sorry I'm late. ဟေး၊ သူငယ်ချင်းတို့၊ ငါနောက်ကျသွားတယ်၊ sorry ပါ။ B: Well, speak of the devil! We were talking about you just now. အေး မင်းတော့ အသက်ရှည်ဦးမယ်။ ခုပဲ တို့တွေ မင်းအကြောင်းကိုပြောနေကြတာ။ ရ။ ဟိုဘက်...

လူငယ်တို့ ကြီးပွားတိုးတက်ဖို့....(​ဒေါက်တာစိုးသန်း)

For the youth to become prosperous.... လူငယ်တို့ ကြီးပွားတိုးတက်ဖို့.... 1. Seek education as much as possible. ပညာကို တတ်နိုင်သမျှများများရှာပါ။ 2. Never stay idle. ဘယ်တော့မှ အလဟဿမနေပါနဲ့။ 3. Be economical and try to save money. အပိုမသုံးချွေတာသုံး၍ ပိုက်ဆံစုပါ။ 4. Be punctual for all appointments. ချိန်းဆိုထားသည့်ကိစ္စများ အချိန်မှန်ပါစေ။ 5. Know your strengths and weaknesses. မိမိ၏ အားသာချက်များ အားနည်းချက်များကိုသိနားလည်ပါ။ 6. Never give a promise that you cannot keep. ကတိကို မတည်နိုင်ရင် မပေးပါနဲ့။ 7. Once you've promised, keep your word. ကတိပေးပြီးလျှင် တည်ပါစေ။ 8. Talk less and do more. အပြောကိုလျှော့ပြီး အလုပ်ကိုပိုလုပ်ပါ။ 9. Be responsible. တာဝန်သိတတ်ပါ။ 10. Be kind and sympathetic to everyone. လူတိုင်းကို သနားကြင်နာ ထောက်ထားညှာတာပါ။ 11. Be grateful. ကျေးဇူးသိတတ်ပါ။ 12. Never argue with your bread and butter. ကိုယ့်အလုပ် ထမင်းရှင်နှင့် ငြင်းခုံရန်ဖြစ်ခြင်းမပြုနှင့်။ 13. Practise monogamy. တလင် တမယားစနစ်ကျင့်သုံးပါ။ 14. Always practise honesty and humility. အမြဲ ရိုးသား နှိ...

ကျွန်တော်လိုချင်တဲ့ အင်္ဂလိပ်စာဆရာ(ဒေါက်တာစိုးသန်း)

Image
ကျွန်တော်လိုချင်တဲ့ အင်္ဂလိပ်စာဆရာ ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်မှာ သူများတွေကို အင်္ဂလိပ်စာ ဝါသနာအရသင်ပေးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်၊ ဘန်ကောက်က Chulalongkorn တက္ကသိုလ်၊ ပြီးတော့ England က University of Nottingham စတဲ့ကျောင်းကောင်းတွေမှာ ပညာတွေသင်ခွင့်ရခဲ့တယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားလေးဘဝနဲ့ ဒီတက္ကသိုလ်ကြီးတွေမှာကျောင်းသားဘဝနှစ်ခုပေါင်းကြည့်ရင် ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အင်္ဂလိပ်စာဆရာအရေအတွက်က မနည်းပါဘူး။ အခုလက်ရှိ ဘန်ကောက်က Assumption University မှာပဲ ကျွန်တော့်ရဲ့ လုပ်သက်က နှစ် ၂၀ ကျော်နေပြီ။ ကျွန်တော် ဒီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားတာလည်း နှစ် ၂၀ နီးပါးရှိပြီ။ လုပ်ရတဲ့ အလုပ်တွေက သင်ရိုးညွှန်းတန်းဆွဲတာ၊ course level အလိုက်သင်နေတဲ့ဆရာတွေကို supervise လုပ်ရတာ၊ စာမေးပွဲမေးခွန်းတွေကို ကြီးကြပ်တာနဲ့ အထူးသဖြင့် teacher training လို့ခေါ်တဲ့ ဆရာအသစ်တွေ၊ လုပ်သက်နုသေးတဲ့ဆရာတွေကို ထပ်မံလေ့ကျင့်သင်ကြားပေးရတဲ့ teacher trainer အလုပ်ပါ။ ဒါ့ကြောင့် ဒီနှစ်ပေါင်းများစွာအတွင်းမှာ ခရီးတွေအများကြီးသွားခဲ့ရ၊ လူမျိုးပေါင်းစုံ ဆရာတွေနဲ့ နီးနီးကပ်ကပ...