10 Ways to Say Someone is Talented (ဒေါက်တာစိုးသန်း)
10 Ways to Say Someone is Talented
အရမ်းတော်တာပဲ...အရမ်းကြွမ်းကျင်တာပဲ...ကိုပြောပုံများ
ဒီ topic နဲ့ပတ်သက်လို့ ဝါကျလေးတွေကို မလေ့လာမှီ အဲဒီဝါကျလေးတွေထဲမှာတွေ့ရမယ့် vocabulary words လေးတွေစမှတ်ကြရအောင်.....
natural (adjective)= သဘာဝကျသော၊ သဘာဝတရားနှင့်ဆိုင်သော
natural (noun)= အလွန်အမင်းကြိုးစားအားထုတ်စရာမလိုပဲ တစ်ခုခုကိုလွယ်ကူစွာနှင့်လုပ်ဆောင်နိုင်သူ၊ အံဝင်ဂွင်ကျအောင်လုပ်နိုင်သူ (ဇ ပါလာပြီးသား)
encyclopedia (noun)= စွယ်စုံကြမ်း
talent (noun)= ထူးချွန်မှု၊ ထူးခြားသောအရည်အချင်း၊ ပါရမီ
talented (adjective)= ထူးချွန်သော၊ ပါရမီပါလာသော
gift(noun)= လက်ဆောင်
gifted (adjective)= တမူမတူအောင်ထူးချွန်သော။ ပါရမီရှိသော (သူ့အား ထိုအရည်အချင်းကို ဘုရားက မွေးကတည်းက ပေးလိုက်သည့်ပမါ)
whiz(noun)= wizard= မှော်ဆရာလေး၊ ပါရမီရှင်
ကဲပြောရမယ့် ဝါကျလေးတွေစလိုက်ရအောင်....
1. someone was born to + Verb
သူဟာ ဒါလုပ်ဖို့အတွက်မွေးဖွားလာတာ
Collectors pay a very high price for U Ba Kyi's paintings. He was born to paint.
ပန်းချီကားစုဆောင်းသူတွေဟာ ဦးဘကြည် ရဲ့ကားတွေကို ဈေးကြီးပေးဝယ်ကြတယ်။ သူဟာ ပါရမီရှင်ပန်းချီဆရာကြီးပါ။
2. He's a natural.
အရမ်းတော်တယ်၊ ဗီဇပါလာပြီးသား
After some hours of voice training, Ko Myo can sing difficult songs. He's a natural.
နာရီအနည်းငယ် အသံလေ့ကျင့်မှု သင်တန်းပြီးတာနဲ့ ကိုမျိုးဟာ ခက်တဲ့သီချင်းကြီးတွေဆိုနိုင်တယ်။ ဗီဇပါရမီကောင်းသူပါ။
3. He could do it in his sleep.
သူ့အတွက်ကတော့ လွယ်လွန်းလို့၊ ပိုင်လွန်းလို့ အိပ်နေရင်းတောင်လုပ်လို့ရတယ်
He could do it with his eyes closed. လို့လည်းသုံးတယ်။ လွယ်လွန်းလို့ မျက်လုံးမှိတ်ပြီးတောင်လုပ်လို့ရတယ်ပေါ့။
These Math problems may be challenging for you, but my brother could do these sums in his sleep.
ဒီသင်္ချာပုဒ်စ္ဆာတွေ မင်းအတွက်သာခက်မယ်၊ ငါ့အကို ကတော့ ဒါတွေကို အိပ်နေရင်းတောင်တွက်ပြနိုင်တယ်။
4. He knows it inside out.
ထုံးလိုမွှေရေလိုနှေှာက်၊ နောကြောနေအောင်သိတာ
I know the city center of Yangon inside out.
ရန်ကုန်မြို့ထဲပိုင်းတော့ ငါကောင်းကောင်းကြီးသိတယ်။
He knows this subject inside out.
သူ ဒီဘာသာရပ်ကို အလုံးစုံကျွမ်းကြင်တယ်။
5. He knows ....(something)... like the back of his hand.
တစ်ခုခုကို ကိုယ့်ရဲ့လက်ဖဝါးလိုသိတယ်၊ အလွတ်ရနေတယ်၊ ကောင်းကောင်းသိတယ်ပေါ့။
As a taxi driver, Ko Zaw knows the roads in Yangon like the back of his hand.
အငှားကားမောင်းနေသူဆိုတော့ ကိုဇော်ဟာ ရန်ကုန်ကလမ်းတွေကို နောကြေနေပြီ။
6. He is a walking encyclopedia of....(something)....
သူဟာ (ခြေထောက်ပေါက်လမ်းလျှောက်နေတဲ့) သက်ရှိစွယ်စုံကြမ်းကြီးပမါ အကြောင်းအရာ ဘာသာရပ်တစ်ခုကို ကောင်းကောင်းသိတယ်
You can ask the teacher any question about Shakespeare. He is a walking encyclopedia of English literature.
မင်း ဆရာ့ကို ရှိတ်စပီးယားနဲ့ပတ်သက်တာ ကြိုက်တာမေး။ သူက အင်္ဂလိပ်စာပေ စွယ်စုံကြမ်းကြီးလိုပဲ။
7. He's in a class of his own.
သူမတူ။ ပြိုင်စံရှား။ သူများတွေထက်သာလွန်သော
Of all the football players, to me, Rooney is in a class of his own.
ဘောလုံးသမားတွေထဲမှာတော့ ငါ့အတွက်က Rooney ဟာအတော်ဆုံးပဲ။
8. He's the best in the business.
ဒီနယ်ပယ်မှာ ဒီဂွင်ထဲမှာ သူအတော်ဆုံး အကောင်းဆုံး
We should hire U Kyi Hla as the MC. He's the best in the business.
အခမ်းအနားမှုးလုပ်ဖို့ ဦးကြည်လှ ကိုငှားသင့်တယ်။ ဒါမျိုးမှာ သူ့မှီတဲ့သူမရှိဘူး။
9. She's very gifted.
သူဟာပါရမီရှင်။ အရမ်းတော်တယ်။
My daughter can write very interesting stories. She is a gifted writer.
ကျွန်တော့သမီး စိတ်ဝင်စားစရာ ပုံပြင်လေးတွေရေးတတ်တယ်။ သူဟာ စာရေးဖို့ ပါရမီပါလာသူ။
10. He's a (Chemistry, Math, etc.) whiz.
သူဟာ အဲဒီဘာသာရပ်မှာ ဆရာကြီး။
My brother is a Math whiz.
ငါ့ရဲ့ အကိုဟာ သင်္ချာမှော်ဆရာကြီး။
guru, wizard, genius,nerd စသည်ဖြင့် တခြား noun တွေလည်းပြောင်းသုံးနိုင်ပါတယ်။
မေတ္တာဖြင့်ပေးဝေပါတယ်။ အားလုံးချမ်းမြေ့ကြပါစေ။
With love,
Dr.Soe Than
Comments
Post a Comment