အချစ်စာမျက်နှာ (ဒေါက်တာစိုးသန်း)

 အချစ်စာမျက်နှာ

(Covid ဖြစ်ကာစအချိန် လွန်ခဲ့တဲ့ငါးလက တင်ခဲ့တဲ့ post)


သူက တစ်ရွာ ကိုယ်က တစ်မြို့မှာ။ လေယာဥ်ပျံကြီးတွေလည်း မပျံနိုင်ကြတော့ဘူး။ ခန္ဓာကိုယ်ကိုသာ quarantine လုပ်ထားလို့ရမယ်၊ မင်းကို သတိရတဲ့စိတ်ကို lockdown ချထားလို့မရလို့ ကဝိကျော်အချို့ရဲ့ အချစ်စာမျက်နှာဟောင်းတွေကို ပြန်ဖွင့်ဖတ်ပြီး သတိရခြင်းများ လေလှိုင်းပေါ်မှ ပေးပို့လိုက်တယ်။


💜The way to love anything is to realize that it may be lost.

— Gilbert K. Chesterton

ဆုံးရှုံးရတတ်တယ်ဆိုတဲ့ အသိနဲ့သာ ဘာမဆိုကို ချစ်တတ်ပါ။


❤️There is only one happiness in this life, to love and be loved.

— George Sand

ဒီဘဝမှာ ပျော်စရာဆိုလို့ တစ်ခုသာရှိတယ်၊ ကိုယ်ချစ်သူက ပြန်ချစ်တာခံရခြင်းပါ။


💜At the touch of love everyone becomes a poet.

— Plato

အချစ်နဲ့ထိတွေ့လိုက်ရင် လူတိုင်းဟာ ကဗျာဆရာတွေဖြစ်သွားကြရော။


❤️If I had a flower for every time I thought of you… I could walk through my garden forever.

— Alfred Tennyson

မင်းကို လွမ်းဆွတ်တိုင်းသာ ကိုယ် ပန်းတစ်ပွင့်ရခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ ပန်းဥယျာဥ်ကြီးထဲ ထာဝရလမ်းလျှောက်လို့ ရနေလောက်ပြီ။


💜Tis better to have loved and lost than never to have loved at all.

— Alfred Lord Tennyson

ဘယ်တော့ကမှ မချစ်ခဲ့ဖူးတာထက် ချစ်ခဲ့ပြီး ဆုံးရှုံးခဲ့ရတာ ပိုကောင်းပါတယ်။


❤️Being deeply loved by someone gives you strength, while loving someone deeply gives you courage.

Lao Tzu

လူတစ်ယောက်ရဲ့ နက်နက်နဲနဲချစ်ခြင်းကို ခံရတာ သင့်ကို ခွန်အားတွေရစေပြီး လူတစ်ယောက်ကို ကိုယ်က နက်နက်နဲနဲချစ်မိရင် ကိုယ့်မှာ သတ္တိတွေရှိလာတယ်။


💜If you live to be a hundred, I want to live to be a hundred minus one day so I never have to live without you.

A. A. Milne

မင်းသာ အသက်တစ်ရာထိနေမယ်ဆိုရင် ကိုယ် တစ်ရာပြည့်ဖို့ တစ်ရက်အလို အသက်ရှင်ချင်တယ်၊ ဒါမှ မင်းမရှိဘဲ ကိုယ် မနေရမှာလေ။


❤️Love does not consist of gazing at each other, but in looking together in the same direction. 

Antoine de Saint-Exupery

အချစ်ဆိုတာ တစ်ဦးကိုတစ်ဦး ငေးကြည့်နေတတ်တာမျိုးမဟုတ်ဘူး၊ ဦးတည်ရာဖက်တစ်ခုတည်းသို့ နှစ်ယောက်အတူတူကြည့်ကြတာမျိုး။


💜To love is to burn, to be on fire. 

Jane Austen

ချစ်မိပြီဆို လောင်ကျွမ်းပြီသာ၊ မီးပမာ ပူလှတာ။


❤️Love isn’t finding a perfect person. It’s seeing an imperfect person perfectly. 

Sam Keen

အချစ်ဆိုတာ ခြောက်ပြစ်ကင်းသူကိုရှာတာမျိုးမဟုတ်၊ သူ့မှာ အနာအဆာပါသော်လည်း စင်းလုံးချောလေးလို့ မြင်ပေးတတ်တာမျိုး။


💜True love stories never have endings. 

Richard Bach

အချစ်စစ်ပုံပြင်တွေဟာ အဆုံးမရှိဘူးတဲ့။


❤️He is not a lover who does not love forever. 

Euripides

ထာဝရမချစ်တတ်သူဟာ ချစ်သူမဟုတ်ပါ။


💜To the world you may be one person, but to one person you are the world.

Bill Wilson

ကမ္ဘာကြီးအတွက် မင်းဟာ လူတစ်ဦးသာ၊ သို့သော် ဒီလူအတွက်တော့ မင်းဟာ ကမ္ဘာကြီးပမာ။


❤️You are my paradise and I would happily get stranded on you for a lifetime.

Unknown

မင်းဟာ ကိုယ့်ရဲ့ သုခဘုံပါ၊ ဘဝတစ်လျှောက်လုံး မင်းထံမှာ ကိုယ်ပျော်ပျော်ကြီး သောင်တင်နေချင်သား။


💜You must love in such a way that the person you love feels free.” – Thich Nhat Hanh

ကိုယ်ချစ်တဲ့သူ အနှောင်အဖွဲ့ကင်းအောင် ချစ်တတ်ပါစေ။


❤️We loved with a love that was more than love.

Edgar Allen Poe

ချစ်တယ်ဆိုတာထက် ပိုသာတဲ့အချစ်မျိုးနဲ့ တို့တွေချစ်ခဲ့ကြတာ။


💜Unless you love someone, nothing else makes sense.

E.E. Cummings

မင်း လူတစ်ယောက်ကို မချစ်တတ်သေးသရွေ့တော့ ဘာမှ အဓိပ္ပာယ်မရှိသေးဘူး။


❤️The greatest thing you’ll ever learn is to love and be loved in return.

Natalie Cole

သိနားလည်စရာ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ချစ်သူက ကိုယ့်ကိုပြန်ချစ်ခြင်းပါ။


💜Love is more than a noun – it is a verb; it is more than a feeling – it is caring, sharing, helping, sacrificing.

William Arthur Ward

အချစ်ဆိုတာ နာမ်ဖြစ်ရုံသာမက ကြိယာလည်းဖြစ်တယ်။ သူဟာ ခံစားချက်တစ်ခုထက် ပိုတယ်၊ ဂရုစိုက်ခြင်း၊ မျှဝေခြင်း၊ ကူညီပေးခြင်း၊ စွန့်လွှတ်ခြင်းတို့ပေါ့။


❤️To be brave is to love someone unconditionally, without expecting anything in return. 

 Madonna 

သတ္တိရှိတယ်ဆိုတာ လူတစ်ယောက်ကို အကြွင်းမဲ့ချစ်နိုင်တာပဲ၊ ဘာမှ ပြန်ရဖို့ မမျှော်လင့်တဲ့စိတ်နဲ့ ချစ်တာ။


We will meet again when this virus dust settles down.  Please do take good care of yourself. 💕💕


With love,

Dr.Soe Than

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)