sometime vs sometimes vs some time (ဒေါက်တာစိုးသန်း)
ကျောင်းသားတွေ မှားတတ်တာလေးတစ်ခု
စကားပြောမှာ မသိသာပေမဲ့ ချရေးလိုက်ရင် မှားမှားပြီးသုံးနေကြတာတွေ့ရတယ်။ သူတို့ကိုယ်တိုင်က ဒီစကားလုံးလေးတွေ grammar အရ ဘယ်လိုကွာခြားတယ်ဆိုတာ မသိကြလို့လည်းဖြစ်နိုင်ပါတယ်။ ဟုတ်ကဲ့...ကျောင်းသားတွေ မကြာခဏ ..."လွယ်လွယ်လေးပါ...ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ငါသိပါတယ်" ဆိုပြီး...မှားတတ်ကြတဲ့ ဆင်တူယိုးမှား စကားလုံး သုံးလုံးကိုရှင်းပြပါရစေ။
sometimes
sometime
some time တို့ပါ။
word form နဲ့ အဓိပ္ပါယ်ကို အရင်ကြည့်ပါ။
sometimes (s ပါတယ်) Adverb ပါ။ တခါတရံ
sometime ( s မပါဘူး) Adverb လည်းဖြစ်နိုင်တယ်။ Adjective လည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဓိပ္ပါယ် မတူပါဘူး။ Adverb ဆိုရင်... တနေ့နေ့ တချိန်ချိန်မှာ...ဘယ်တော့လို့တော့ အတိအကျမပြောဘူး။ sometime ဟာ Adjective ဆိုရင် former နဲ့ အဓိပ္ပါယ်တူတယ်။ အရင်လုပ်ခဲ့ဖူးတဲ့ အလုပ်တို့ ရာထူးတို့ကို ပြောရင်သုံးတယ်။
some time ( s မပါဘူး။ တစ်လုံးစီခွဲရေးရတယ်) Noun ပါ။ အချိန်တော်တော်ကြာကြာလေး...လို့ဆိုရမယ်။
နမူနာဝါကျလေးတွေနဲ့ ရှင်းပြမယ်.....
၁။ sometimes ( adverb) = now and then, occasionally တခါတရံ၊ တခါတလေ
Sometimes I don't feel like doing anything.
တခါတလေကျရင် ငါဘာမှလုပ်ချင်စိတ်ကိုမရှိဘူး။
Sometimes I just don't understand what my wife is angry about.
တခါတလေ မိန်းမဘာတွေဒေါပွနေမှန်း နားမလည်ပါဘူး။
Everybody cries sometimes.
လူတိုင်း တခါတရံ ငိုရတတ်တယ်။
The teacher sometimes gives very high marks, and sometimes he doesn't.
ဆရာဟာ တခါတလေ အမှတ်အများကြီးပေးတယ်၊ တခါတလေလည်း မပေးပြန်ဘူး။
၂။ sometime (adverb)= at some unspecified time
တခါ၊ တကြိမ်၊ ဘယ်တော့လို့တော့ အချိန်ကို အတိအကျမပြောဘူး
Let's meet for a dinner sometime.
ညစာအတူစားဖို့ တခါလောက်တွေ့ကြရအောင်။
(အနာဂတ်တချိန်ချိန်မှာတွေ့မယ်...ဘယ်တော့လို့တော့ အတိအကျ မသတ်မှတ်ထား)
They will release the exam results sometime in June.
စာမေးပွဲအောင်စာရင်းတွေ ဇွန်လထဲ တရက်ရက်ထွက်လိမ့်မယ်။ ( လ တော့သိတယ်၊ ဘယ်နေ့မှန်းမသိ)
Give me a call sometime, and we will have some beer.
ဖုန်း တခါလောက်ဆက်အုံးလေ၊ ဘီယာ အတူသောက်ရအောင်။
***sometime (adjective) = former ယခင် လုပ်ခဲ့ဘူးသော
Ko Ko, a sometime taxi driver, is now a pilot.
အရင် အငှားကားမောင်းတဲ့ ကိုကိုက အခု လေယဉ်မှုးကြီးဖြစ်နေပြီ။
Bo Bo, a sometime rock singer, now works as a seaman.
အရင် ရော့အဆိုတော် ဘိုဘိုဟာ အခုတော့ သင်္ဘောသားလုပ်နေတယ်။
၃။ some time= quite a while အချိန်ယူမယ်...အချိန်ကြာမယ်...အချိန်တော်တော်ကြာကြာလေး
I think I'm going to spend some time reading this book.
ငါ ဒီစာအုပ်လေး အချိန်ပေးဖတ်လိုက်အုံးမယ်။
For some time, people have realized that regular physical exercise is the key to good health.
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးကောင်းဖို့ အဓိကအချက်ဖြစ်တယ်ဆိုတာကို လူတွေသိနားလည်ခဲ့တာ တော်တော်လေးကြာခဲ့ပါပြီ။
It will take some time to become fluent in English.
အင်္ဂလိပ်လို ကျွမ်းကျင်သွက်လက်ဖို့တော့ အချိန်တော်တော်ပေးရလိမ့်မယ်။
With love,
Dr. Soe Than
April 30, 2017
Comments
Post a Comment