ရန်ကုန်ကိုတစ်ခေါက်လောက် Both by Dr.Soe Than

 ရန်ကုန်ကိုတစ်ခေါက်လောက်


မင်းသားကြီး

ကိုသိန်းဇော်ရေ

ကျွန်တော်ဖြင့်

ရန်ကုန်ကိုသွားတာ

ရန်ကုန်ကိုရောက်ပေမယ့်

ရန်ကုန်ကို မတွေ့ခဲ့ရဘူး။


ရင်းနှီးခဲ့ဖူးတဲ့

စာအုပ်အဟောင်းဆိုင်လေး

လက်ဖက်ရည်ဆိုင်လေး

ရှာလို့မတွေ့ခဲ့သလို

ကျွန်တော့် ကားမှတ်တိုင်ကိုလည်း

နေရာရွှေ့လိုက်ကြတယ်။


အဟောင်းတွေက မျက်နှသစ်နဲ့

အသစ်တွေက ဟောင်းနေပါပြီ

ဘောင်းဘီတွေ ပိုကျုံ့သွားတယ်

ဆံပင်အရောင် ပိုစုံလာတယ်

ရန်ကုန်သားတွေဆိုတော့

ရှေ့ပိုရောက်တယ် ထင်ရတာပေါ့။


ငယ်သူငယ်ချင်းတစ်ယောက်ကို ပြန်အရှာ

ဝိတ်လျှော့လိုက်တယ်တဲ့

ဟိုး မြို့ပြင်မှာ သွားတွေ့ရတယ်။

သူ့ဆီသွားလည် လက်ဖက်ရည်ခဏသောက်

ကိုယ့်အိမ်ပြန်ရောက်တော့

နေ့တစ်နေ့ကုန်သွားရော ရန်ကုန်။


ရန်ကုန်ကတော့ ဝိတ်ပိုတက်လာတယ်

အသက်ရှုကြပ်လာတယ်

အသံဗလံတွေပိုများလာတယ်

မိတ်ကပ်သာအလိမ်းခံရပြီး

မျက်နှာသစ် မခံရရှာတဲ့မြို့မှာ

မရွေ့တဲ့လမ်းမကြီးပေါ်မှာ ခရီးသွားကြသူတွေအလယ်.....


One More Time in Rangoon


Hi, Ko Thein Zaw,

the great actor -

The thing was

I went to Rangoon,

I was in Rangoon,

but I didn't see Rangoon.


I was not able to find

my old familiar

second-hand bookstore

and tea shop.

Adding insult to injury,

they've moved my bus stop.


The old put on brave new faces,

but the new already look wornout.

Pants seem to have shrunk slim,

while hair colors vary.

Well, those quaint city slickers

seem to be ahead of their time.


On my search for a longlost friend,

I was told he'd sold his house for a downgrade.

So I met up with him on the outskirts of town.

I called on him and had a quick cuppa,

when I reached home

the sun had set on Rangoon.


Rangoon has put on more weight.

One feels more stifled.

Noise pollution's gone out of proportion.

Rangoon has received a facelift

but not a proper facial cleansing -

And I found myself amid the travellers on the static road......


Both versions by Soe Than

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)