အဖိုးတန်လွန်းတဲ့အချိန်မို့ (DR.Soe Than)
အဖိုးတန်လွန်းတဲ့အချိန်မို့
လူတိုင်း တစ်နေ့ ၂၄နာရီစီပဲ ရကြတာခြင်းအတူတူ တချို့ကတော့ productive ဖြစ်တယ်၊ အချိန်ရဲ့တန်ဖိုးကိုကောင်းကောင်းသိပြီး Time management လည်းနိုင်တော့ တိုးတက်မှုရှိအောင်လုပ်ဆောင်ကြိုးစားပြီး အချိန်ကို မိမိအတွက်ရော အများအကျိုးအတွက်ပါ အကျိုးရှိစွာအသုံးချနိုင်ကြတယ်။ သို့သော်လည်း ပတ်ဝန်းကျင်ကို တစ်ချက်လောက်ဝေ့ကြည့်လိုက်ရင် ပျင်းရိပျင်းတွဲလူငယ်တွေ၊ အခုစိတ်မပါသေးဘူးကွာ နောက်နေ့မှပဲလုပ်လည်းရတာပဲဆိုပြီး procrastinate ပျင်းရိအချိန်ဆွဲတတ်တဲ့ လူငယ်တွေလည်းအများသားနော်။ အဲဒီလိုလူတွေများလေလေ man-hours တွေပိုဆုံးရှုံးလေ တိုင်းပြည်တိုးတက်ဖို့လည်းပိုနှောင့်နှေးလေပေါ့။ ရတောင့်ရခဲ လူရယ်လို့ဖြစ်လာတဲ့ ဘဝသက်တမ်းတိုတိုလေးမှာ များမြောင်လှတဲ့ တာဝန်တွေ၊ အတ္တ ပရ မျှတအောင်ဆောင်ရွက်စရာကိစ္စတွေ၊ အများကြီးပါပဲ၊ အချိန်ကတော့ သိပ်မရပါဘူး။ ဒါလေး သတိပေးချင်လို့ အချိန်အရေးကြီးပုံ စိတ်ကူးထဲပေါ်လာတဲ့ ဝါကျလေးတွေ၊ ကျောင်းသားဘဝကတည်းက မှတ်ထားဖူးတဲ့ စကားတချို့ကိုရေးချလိုက်ပါတယ်။
1. Time wasted can never be regained.
ဖြုန်းပစ်လိုက်သည့်အချိန်ကို ဘယ်တော့မှ ပြန်မရနိုင်ပါ။
2. Lost time is never found again.
ကုန်သွားသည့်အချိန် ဘယ်တော့မှ ပြန်မရနိုင်။
3. Know the true value of time.
အချိန်၏ တန်ဖိုးအစစ်အမှန်ကို သိပါစေ။
4. If you want time, you must make it.
အချိန်လိုလျှင် အချိန်လုပ်ယူပါ။
5. Time is free, but it's priceless.
အချိန်ဆိုတာ အလကားဆိုပေမဲ့ အဖိုးမဖြတ်နိုင်ပေ။
6. Time is our most precious resource.
အချိန်သည် ကျွနိုပ်တို့၏ တန်ဖိုးအရှိဆုံး အရင်းအနှီးဖြစ်သည်။
7. He who knows the value of time always does something valuable with his time.
အချိန်၏တန်ဖိုးကိုသိသောသူသည် အမြဲတစေ တန်ဖိုးရှိသောအလုပ်ကိုလုပ်ခြင်းဖြင့်သာ အချိန်ကိုကုန်စေသည်။
8. I value my time and I value the time of others as well.
မိမိ၏အချိန်ကိုတန်ဖိုးထားသည့်အပြင် သူတပါးတို့၏အချိန်ကိုလည်း တန်ဖိုးထားပါ၏။
9. Wasting your time is wasting your life.
သင်၏အချိန်ကိုဖြုန်းပစ်ခြင်းသည် ဘဝကိုဖြုန်းတီးပစ်ခြင်းပင်။
10. Ordinary people think merely of spending time. Great people think of using it.
သာမန်လူတွေကတော့ အချိန်ကို ဒီလိုပဲကုန်စေပေမဲ့ လူတော်တွေကတော့ အချိန်ကို အသုံးချတတ်တယ်။
11. One thing you can’t recycle is wasted time.
ပြန်လည်သုံးစွဲလို့မရနိုင်တာတစ်ခုက ဖြုန်းပစ်လိုက်တဲ့အချိန်ပါ။
12. The time for action is now. It’s never too late to do something.
လက်တွေ့ထလုပ်ရမဲ့အချိန်ဟာ အခုပဲ။ လုပ်ဖို့ နောက်မကျသေးပါဘူး။
13. Until we can manage time, we can manage nothing else.
အချိန်ကို စီမံအုပ်ချုပ်မှုမလုပ်နိုင်သရွေ့တော့ ဘာကိုမှ စီမံအုပ်ချုပ်နိုင်မှာမဟုတ်။
14. You may delay, but time will not.
မင်း အချိန်ဆွဲလေ၊ ဒါပေမဲ့ အချိန်ကတော့စောင့်နေမှာမဟုတ်။
15. "The trouble is, you think you have time.” Buddha
ခက်တာက အချိန်ရှိပါတယ်ကွာလို့ မင်းထင်နေတာပဲ။
အချိန်သိပ်မရှိပါဘူး။ အချိန်ကို သုံးပါ။ မဖြုန်းပါနဲ့။
With love,
Dr.Soe Than
October 10, 2018
Comments
Post a Comment