သားတို့ သမီးတို့ကို အမှတ်တမဲ့ မနေမိကြဖို့ ပြောချင်တာလေးတွေ....... (Dr. Soe Than)

သားတို့ သမီးတို့ကို အမှတ်တမဲ့ မနေမိကြဖို့ ပြောချင်တာလေးတွေ.......



1. စိတ်ကို အမြဲ သန့်ရှင်းအောင်ထားပါ။

Always keep your mind clean.



2. စိတ်ထဲမှာ မကောင်းတဲ့ စိတ်ကူးတွေ ဆိုးယုတ်တဲ့ အတွေးတွေ မတွေးမိအောင်နေပါ။

Keep your mind free from bad ideas and evil thoughts.



3. စိတ်ရှည် ခွင့်လွှတ်သည်းခံတတ်အောင်လေ့ကျင့်ယူပါ။

Train yourself to become patient and forgiving.



4. အကောင်းကိုတွေးပြီး သူများတွေအတွက် ကောင်းတာတွေပဲ အတတ်နိုင်ဆုံးလုပ်ပါ။

Always think positively and do good deeds for other people as much as you can.



5. တတ်နိုင်သမျှ ကိုယ့်ထက်နိမ့်ကျ အားနည်းသူကို ကူညီပေးပါ။

As much as possible, help those who are socially inferior or weaker than you.



6. သူများရဲ့ အပြစ်ကိုသာရှာနေပြီး အပြစ်တင်တာမျိုးမလုပ်ပါနဲ့။

Do not constantly find fault with or criticize others.



7. ကိုယ့်မှာလည်း အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေရှိတာကို သတိပြုပါ။

Be aware that you too have weaknesses and flaws.



8. လူတစ်ဦးစီမှာ ရှိတဲ့ကောင်းကွက်လေးကို မြင်အောင်ကြည့်ပါ။

Try to see (the) good in each and every individual.



9. မိမိကိုယ်ကိုယ် ပိုကောင်းမွန်လာအောင် ယနေ့ တစ်ခုခုလုပ်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အိပ်ယာမှ မနက်တိုင်းထပါ။

Wake up every morning with the intention of doing something today to better yourself.



10. တချိန်တည်းမှာပဲ လူ့ဘဝဟာ ကံအားလျော်စွာဖြစ်ပျက်မှုတွေပေါ်မူတည်နေတယ်ဆိုတဲ့ တရားကိုလည်း နားလည်ဖို့ကြိုးစားပါ။

At the same time, try to understand the very nature of precarious life we live, too.



With love,

Dr.Soe Than

January 24, 2019

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)