Different Ways of Saying "I miss you." (ဆရာဒေါက်တာစိုးသန်း)

Different Ways of Saying "I miss you."



ကိုယ့်ချစ်သူကို လွမ်းနေကြောင်း ပြောပုံလေးတွေ...

ဆရာ....ကျွန်တော့်ရဲ့ ရည်းစားဦးလေးကို လွမ်းတယ်လို့ ပြောချင်လို့...ဘယ်လိုရေးရမလဲ...ဆိုလို့ ကိုယ့်အသက်ကိုမှမထောက် I miss you...ပြောပုံလေး ဝါကျ ၁၅ ကြောင်းရေးပေးလိုက်ပါတယ်။ ချစ်သူတွေ ပျော်ကြပါစေ.....

1. I miss you so much.
ငါ မင်းကို အရမ်းလွမ်းတယ်။

2. I think of you from time to time.
ငါ မင်းအကြောင်းပဲ မကြာခဏစဉ်းစားနေတယ်၊ လွမ်းနေတယ်။

3. Not a day goes by that I don't think of you.
မင်းကို သတိမရတဲ့ နေ့ရယ်လို့ မရှိပါဘူး။

4. Everything I see reminds me of you.
တွေ့မြင်သမျှအရာတွေဟာ မင်းကို သတိတရရှိစေတယ်။

5. You are always on my mind.
မင်းသာ ကိုယ့်စိတ်ကို အမြဲစိုးမိုးထားတာ။

6. How I wish you were here!
မင်းသာ ဒီမှာရှိရင် သိပ်ကောင်းမှာ။

7. I feel so empty without you.
မင်းမရှိတော့ ဘဝဟာ အဓိပ္ပါယ်မဲ့နေသလို။

8. I miss you like crazy.
ကိုယ်လေ လွမ်းလို့ ရူးတော့မယ်။

9. All I need is you - you and only you.
ကိုယ်လိုတာ မင်းမှမင်းပါပဲ။

10. I only miss you when I am breathing.
ကိုယ် အသက်ရှုနေချိန်မှသာ မင်းကိုလွမ်းတတ်တာ။

11. You would never know how much I miss you.
ကိုယ်မင်းကို ဘယ်လောက်သတိရနေတယ်ဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်။

12. I just want to be where you are.
မင်းရှိတဲ့နေရာမှာသာ ကိုယ်နေချင်တာ။

13. I miss you too much for words.
ပြောပြလို့မရအောင်ကို လွမ်းနေတယ်။

14. I can't wait to see your face again.
မင်းရဲ့မျက်နှာလေးကို တွေ့ချင်လွန်းလှပြီ။

15. Can you feel me missing you?
ဒီက လွမ်းနေတာ သိရဲ့လားဟင်။

With love,

Dr.Soe Than

December 18, 2017

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)