Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃) (Htet Zaw Htoo)

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ ၃

1. hang on a sec/hold on a sec/just a sec etc
ခဏစောင့်ပါ၊ (ဖုန်း) ခဏကိုင်ထားပါ။

2. I can’t hear myself think.
ဆူလိုက်တာကွာ (ဘာမှကိုမကြားရဘူး)

3. I’ll be right back in one minute.
တစ်မိနစ်အတွင်း ပြန်လာမယ်နော်။

4. OK, it’s a deal.
အိုကေ သဘောတူတယ်။

5. Cut the crap.
ပေါက်တက်ကရတွေပြောမနေနဲ့။

6. It's all go around here.
ဒီမှာက အလုပ်တအားများတယ်။

7. it’s no use doing something
(တစ်ခုခု) လုပ်လည်းဘာမှမထူးဘူး။
It's no use complaining.
စောဒကတက်လည်း ထူးမှာမဟုတ်။

8. wait and see
ခဏစောင့်ကြည့်ပါဦး။
"What's for dinner?" ညစာဘာချက်။
"Wait and see." ခဏလေးစောင့်ကြည့်။

9. Oh dear!/Dear oh dear! (also Dear me!)
အို ဖြစ်မှဖြစ်ရလေ။

10. I wonder if/whether = may I
(တစ်ခုခု) လုပ်လို့ရမလားခင်ဗျာ/ရှင်။
I wonder if I might have a drink?
သောက်စရာတစ်ခုခုလောက်ရနိုင်မလားခင်ဗျာ။

Thx
Apply it.
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)