Speaking မှာ ထည့်ပြောဖို့အသုံးလေးတွေ (၆) (Htet Zaw Htoo)

Speaking မှာ ထည့်ပြောဖို့အသုံးလေးတွေ (၆)

1. I’ll see what I can do.
ငါကူနိုင်တာကူပေးမယ်။

2. rain or shine
နေပူပူ မိုးရွာရွာ
"I'll be there - rain or shine."
နေပူပူ မိုးရွာရွာ ငါအဲ့မှာရှိနေမှာပါ။

3. I don’t feel too hot/so hot/very hot.
တအားကြီးမဖျားပါဘူး။

4. A nod’s as good as a wink.
တည့်(ဒဲ့)မပြောလည်း ငါနားလည်ပါတယ်။

5. Not so fast.
ဆန္ဒမစောနဲ့၊ မလောနဲ့။
Not so fast. We’ve got to prove it first, haven’t we?
မလောနဲ့၊ ငါတို့အရင်ဆုံးသက်သေပြရဦးမယ်မလား။

6. Fire away!
(မေးခွန်း) ဖြေဖို့အသင့်ပါ။
‘Do you mind if I ask you something, Su Su?’
စုစုရေ တစ်ခုလောက်မေးလို့ရမလား။
‘Fire away.’
ဖြေဖို့အသင့်ပဲ။

7. Hold your tongue.
သူများတွေကိုလျှောက်မပြောနဲ့နော်။

8. Talk about lucky.
ကံကောင်းပုံများ ပြောပြဦးမယ်။
Talk about lucky.
ကံကောင်းချက်များပြောပြဦးမယ်။
That’s the second time he’s won this week!
ဒီအပတ်ထဲမှာကို သူနိုင်တာ ၂ ခါမြောက်ပဲ။

9.Get moving.
မြန်မြန်လုပ်ပါဟ။

10. He doesn't have much up top.
သူက ဥာဏ်တော့သိပ်မကောင်းဘူး။

Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)