Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၉) (HZH)
Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၉)
1. I’m only/just doing my job.
ငါလုပ်ရမယ့်ကိစ္စကို ငါလုပ်နေတာပါ။ (အလုပ်တွင် တခြားသူများက မကြိုက်သည့်အရာတစ်ခုကို လုပ်ရာတွင်သုံးသည်။)
2. Join a queue (BrE) Join a line (AmE)
တန်းစီပေးပါနော်။ (ကျော်မတက်ပါနဲ့)
3. be a joke
အလကားပါကွာ၊ ဘာမှမဟုတ်ဘူး၊ အဓိပ္ပါယ်မရှိဘူး။
`The whole meeting today is a joke.´
ဒီနေ့အစည်းအဝေး တကယ် ဘာမှကိုမဟုတ်တာ။
4. No joy!
မအောင်မြင်ဘူး။
`I phoned him but no joy. Nobody answered my phone´
သူ့ဆီဖုန်းဆက်တယ်၊ မအောင်မြင်ဘူးဟေ့၊ ဘယ်သူမှ ဖုန်းမကိုင်ဘူး။
5. Where's the gents?
အမျိုးသားတွေအတွက်အိမ်သာက ဘယ်နားမှာလဲဗျ။
6. I’ll get these drinks.
ဒီသောက်စရာတွေက ငါရှင်းမှာနော်။
7. You’ve got me there.
အဲ့ဒီအဖြေကို ငါမသိဘူး။
8. I must/I’d better be getting along.
လုပ်စရာရှိသေးတယ် ငါသွားသင့်ပြီ။
9. Never/Don’t look a gift horse in the mouth!
အလကားရတဲ့နွားသွားဖြဲမကြည့်နဲ့ (တစ်ခုခုရတာကို ကျေးဇူးမတင်ဘဲ အပြစ်ရှာနေတာ၊ အမေးအမြန်းထူနေတာမလုပ်ဖို့ ပြောသည်)
10. Could you give me a hand?
ကူညီပါဦးနော်။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment