Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၃) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၃)

1. Call your dog off!
ခွေးမောင်းဦးဟ၊ ခွေးကြည့်ဦး။ (ကိုယ်မယ်တကဲကဲပြင်နေလို့)

2. There’s no call for that kind of language!
အဲ့လိုစကားမျိုးမပြောသင့်ဘူး။

3. She's camera-shy.
သူ(မ)က ဓာတ်ပုံရိုက်ခံရတာကို မကြိုက်ဘူး။

4. She photographs well.
သူက ဓာတ်ပုံစားတယ်၊ (ဓာတ်ပုံထဲမှာလှတယ်။)

5. Would you like to go to the pictures?
ရုပ်ရှင်သွားကြည့်ချင်လား။

6. When pigs fly.
ဖြစ်နိုင်မယ်မထင်ပါဘူးကွာ။

7. I made a bit of a pig of myself  at dinner.
ငါ ညစာ အသားကုန်တီး (စား) ပစ်လိုက်တာ။

8. It is pissing down with rain.
မိုးကတော့ သည်းသည်းမည်းမည်းကို ရွာနေတာ။

9. Wait a bit longer – Su Su hasn’t pitched up yet.
ခဏစောင့်ဦး၊ စုစုက ခုထိမရောက်သေးဘူး။

10. The lights were off and it was pitch-black.
မီးတွေပိတ်လိုက်တော့ မှောင်ပိန်းသွားတာ။ (ဘာမှမမြင်ရလောက်အောင်ကို မှောင်မည်းနေတာ)

Apply them.
Thx
HZH

Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)