Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၁) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၁)
1. Pick your feet up.
မြန်မြန်လေး (လမ်း) လျှောက်ပါဟ။
2. Don’t pick your nose!
နှာခေါင်းကြီးနှိုက်မနေနဲ့၊ (နှပ်ချေးထွင်မနေနဲ့)။
3. He’s a very picky eater.
သူက အစားဇီဇာကြောင်တယ်၊ (ဟိုဟာမကြိုက်ရတာနဲ့၊ ဒီဟာမကြိုက်ရတာနဲ့)
4. I agree with you up to a point.
တချို့တဝက်တော့ ငါမင်းနဲ့ သဘောတူတယ်။
5. I bet that car cost him a packet.
အဲ့ဒီကားက သူ့ကိုငွေအများကြီးကုန်အောင်လုပ်မှာ ငါပြောရဲတယ်။ (ခဏခဏပြင်နေရလို့)
6. More pain, more gain.
အနာခံမှအသာစံရမှာနော်။
7. I’ve only got one pair of hands.
အလုပ်များလွန်းလို့ တခြားဘာမှမလုပ်နိုင်ဘူးကွာ။
8. I wouldn’t put it past Min Min to cheat.
မင်းမင်းက လိမ်တတ်တယ်ပြောလည်း မအံ့သြတော့ဘူး၊ (သူလုပ်နေကျပဲဟာ)။
9. Don't think my granda is past it.
ငါ့အဘိုးကိုများ အိုမင်းမစွမ်းလို့မထင်နဲ့ဗျ၊ (အခုထိအလုပ်လုပ်နေတုန်း)။
10. Nobody’s perfect!
ဘယ်သူမှ အပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။
`So I made a mistake!´
ငါအမှားတစ်ခုလုပ်ခဲ့တယ်။
`Nobody’s perfect.´
လုံးဝအပြစ်ကင်းသဲလဲစင်ဆိုတာမရှိပါဘူးကွာ၊ အမှားဆိုတာရှိကြတာပဲ။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment