Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၆) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၆)
1. I've been stuck between a rock and a hard place.
ငါ့အခြေအနေက ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပြီ။
2. The singing competition is the new rock 'n' roll.
အဆိုပြိုင်ပွဲတွေက ရုပ်မြင်သံကြားအစီအစဥ်တွေမှာ ခေတ်စားနေတာ၊ (လူကြိုက်များနေတာ)။
3. I had a rough night last night.
မနေ့ညတုန်းက ကောင်းကောင်းအိပ်မပျော်ဘူး။
4. let’s roll!
စကြစို့ဟေ့။ တစ်ခုခုစလုပ်ကြစို့၊ (ခရီး)စထွက်ကြစို့။
5. He’s rolling in money these days.
အခုတလော သူငွေတွေတအားရနေတာ၊ ဝင်ငွေကြမ်းနေတာ။
6. As long as you live under my roof, you’ll do as I say.
ငါ့အိမ်မှာ မင်းနေသရွေ့တော့ ငါပြောသလို လုပ်ရမယ်။
7. Put that back before Dad sees you and hits the roof!
မင်းကို အဖေတွေ့သွားပြီး ဒေါသူပုန်မထခင် အဲ့တာကို ပြန်ထားလိုက်နော်။
8. It’s no bed of roses teaching the teenagers.
ဆယ်ကျော်သက်တွေကိုစာသင်ရတာက အမြဲလွယ်ကူအဆင်ပြေမနေဘူး၊ ပြဿနာ အခက်အခဲအမျိုးမျိုး ကြုံရတယ်။
9. The bread is stale and rock-hard.
ပေါင်မုန့်က အနံ့ကလည်း အောက်သိုးသိုး၊ ပြီးတော့ မာတောက်နေတာပဲ။
10. I got here round about half past nine.
ကျွန်တော် ဒီကို ခန့်မှန်းခြေ ကိုးနာရီခွဲလောက်မှာ ရောက်တာ။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment