Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၇) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၂၇)

1. I feel there will be no future in sports.
အားကစားမှာ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ 

2. What I'm saying must not go any further.
ငါပြောနေတာတွေက လျှို့ဝှက်ချက်တွေနော်။ (သူများကို လျှောက်မပြောနဲ့)

3. The fur flies!
သတ်ကုန်ကြပြီ၊ စကားတွေများကုန်ကြပြီ။

4. I’m not being funny but
နောက်နေတာမဟုတ်ဘူး၊ အတည်ပြောနေတာ။

I’m not being funny but I've lost your book.
နောက်နေတာမဟုတ်ဘူး၊ တကယ်အတည်၊ မင်းရဲ့စာအုပ်ပျောက်သွားပြီ။

5. it’s your funeral!
ကိုယ်ဖြစ်ကိုယ်ခံနော်၊ ကိုယ်လုပ်တာကိုယ်ရှင်းရမှာ။

6. She’s great fun.
သူ(မ)က ပျော်ပျော်နေတတ်တယ်၊ သူ(မ)နဲ့နေရတာ ပျော်စရာကြီး။

7. Feel free to ask questions.
မေးခွန်းတွေလွတ်လွတ်လပ်လပ်မေးလို့ရပါတယ်။

8. Forget it.
စိတ်မပူပါနဲ့၊ အရေးမကြီးပါဘူး။

'I didn't phone."
ငါဖုန်းမဆက်လိုက်ဘူး။
'Forget it.'
စိတ်မပူပါနဲ့၊ တအားအရေးမကြီးပါဘူး။

9. forgive me for saying so, but
ဒီလိုပြောလို့စိတ်တော့မရှိနဲ့နော်

Forgive me for saying so, but that’s nonsense.
ဒီလိုပြောလို့စိတ်မရှိနဲ့နော်၊ အဲ့တာက အဓိပ္ပါယ်ကိုမရှိတာ။

10. City life is not for me.
မြို့မှာနေရတာကို ငါမကြိုက်ဘူး။ 

Apply them.
Thx
HZH

Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)