Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၂) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၃၂)

1. Can I ask you a favor?
မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား။

2. She's a film buff.
သူ(မ)က ရုပ်ရှင်ကြမ်းပိုး။ (ရုပ်ရှင်ဆိုတာနဲ့ ကြည့်ပြီးသားပဲ)

3. She's big-headed.
သူ(မ)က မာနကခပ်ကြီးကြီးရယ်၊ မာန်တက်နေတာ။

4. He must be mental!
သူကြည့်ရတာ ကြောင်တောင်တောင်နဲ့။ (ရူးကြောင်ကြောင်နဲ့)

5. You can’t be too careful!
သတိဆိုတာပိုတယ်မရှိဘူးနော်။

6. Don't stab me in the back!
နောက်ကျောကို ဓားနဲ့မထိုးနဲ့နော်။ (သစ္စာမဖောက်ကြနဲ့)

7. Don't bite off more than you can chew!
ကိုယ်နိုင်သလောက်ပဲလုပ်နော်။ (ဖင်မနိုင်ဘဲ ပဲကြီးဟင်း မသောက်နဲ့။)

8. Don't bite the hand that feeds you.
ကျေးဇူးရှင်ကို ကျေးမစွပ်နဲ့နော်။ (အရိပ်နေနေ အခက်ချိုးချိုးတော့မလုပ်နဲ့။)

9. She wasn’t my type really.
သူ(မ)က ငါသဘောကျတဲ့ပုံစံမျိုးမဟုတ်ဘူး။

10. She has a finger in every pie.
သူ(မ)က ပါလေရာငပိချက်ရယ်။ (နေရာတကာ စပ်စပ်၊ စပ်စပ်နဲ့)

Apply them.
Thx
HZH

Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)