Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၅) (HZH)

Speaking မှာ ထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၁၅)
1. the last I heard
ခုထိငါသိထားသလောက်က
'The last I heard, she was at college studying law.’
ခုထိငါသိထားသလောက်က သူ(မ) က ကောလိပ်မှာ ဥပဒေအထူးပြုလေ့လာနေတာ။
2. Do you like sugar/milk?
သကြား/နွားနို့ ထည့်မှာလား။
3. What’s your take on this issue?
ဒီကိစ္စအပေါ် မင်းရဲ့အမြင်က ဘယ်လိုလဲ။
4. Let your hair down!
နားနားနေနေ နေပါဦးကွာ။
5. Do your homework without fail.
အိမ်စာကို မပျက်မကွက် လုပ်ပါနော်။
6. Be fair!
သူများကို အဲ့လောက်ကြီး တရားလွန် မဝေဖန်နဲ့လေကွာ။
7.You can’t say fairer than that
ဒါ့ထက်တန်တာ၊ ကောင်းတာတော့ မရနိုင်တော့ဘူးနော်။
8. Let’s call it a day and go home!
အလုပ်နားပြီး အိမ်ပြန်ကြစို့ဟေ့။
9. The game’s up.
(မကောင်းတာတစ်ခုခုလုပ်ထားတာ) ပေါ်သွားပြီ။
10. We’re on a razor edge.
ငါတို့တော့ အမှားမခံတဲ့အခြေအနေရောက်နေပြီနော်။ (မှားလိုက်တာနဲ့ ဒုက္ခရောက်တော့မှာ)
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)