Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၄) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၄)

1. It is sad to see them arguing.
သူတို့အငြင်းပွားနေတာကို မြင်ရတာ စိတ်မကောင်းလိုက်တာ။
2. Sorry to hear the sad news.
ဝမ်းနည်းစရာသတင်းကို ကြားရတာ စိတ်မကောင်းလိုက်တာ။
3. Your money will be as safe as houses.
မင်းရဲ့ပိုက်ဆံတွေ လုံခြုံစိတ်ချရပါတယ်၊ မပျောက်ပါဘူး။
4. Is it safe to swim here?
ဒီနေရာမှာ ရေကူးဖို့က ဘေးကင်းရဲ့လား။
5. I’d take an umbrella, just to be on the safe side.
(မိုးရွာလာရင်) မိုးရေမစိုအောင်လို့ ငါထီးယူလာတာ။
6. We're all in the same boat now.
အခု တို့အားလုံးမှာ ကြုံနေရတဲ့ အခက်အခဲက အတူတူပဲ။
7. Thanks for your help – I’ll do the same for you one day.
အကူအညီပေးလို့ကျေးဇူးပါ၊ တနေ့ ကျေးဇူးပြန်ဆပ်မယ်နော်။
8. You needn’t stay long here.
မင်း ဒီမှာ အကြာကြီးနေဖို့ မလိုပါဘူး။
9. Does this shirt need ironing?
ဒီရှပ်အင်္ကျီက မီးပူတိုက်ဖို့လိုလား။
10. It is never too late to give up smoking.
ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)