Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၃) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၃)

1. We’ll be home in no time.
ငါတို့ ခဏနေ အိမ်ရောက်တော့မှာ။
2. She's a nosy parker.
သူ(မ)က စပ်စုစိန်။
3. Please join the queue.
ကျေးဇူးပြု၍ တန်းစီပေးပါ။
4. Don't jump the queue.
ကျော်မတက်နဲ့နော်၊ တန်းစီ။
5. Now, just listen to what I’m telling you.
အခုတော့ ငါပြောမှာကိုသာ နားထောင်ပေးပါဦး။
6. Just a minute! How do I know you’re not telling me a pack of lies?
ခဏနော်၊ မင်း ငါ့ကို လိမ်မပြောဘူးလို့ ငါဘယ်လိုသိနိုင်မှာလဲ။
7. We’re busy just now – can you come back later?
အခုက တို့အလုပ်ရှုပ်နေတာဗျာ၊ နောက်မှ ပြန်လာလို့ ရမလား။
8. The mangoes are just about ripe now.
အခု သရက်သီးတွေက မှည့်လုနီးပါးဖြစ်နေပြီ။
9. I would never lie to you.
ငါ မင်းကို ဘယ်တော့မှ လိမ်မပြောဘူး။
10. I can manage on my own, thanks.
ငါ့ဘာသာငါ (ဘယ်သူ့အကူအညီမှမယူဘဲ) စီစဥ်နိုင်တယ်၊ ကျေးဇူးနော်။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)