Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၀)(HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၀)


1. Thinking negatively can become a habit.
မကောင်းတဲ့ဘက်ကနေတွေးတာက (အမြဲအဆိုးမြင်တာက) အကျင့်အဖြစ်စွဲသွားနိုင်တယ်နော်။

2. We’ll be there by seven or half past.
အဲ့ဒီကို (၇)နာရီ ဒါမှမဟုတ် (၇) နာရီခွဲလောက် ရောက်မယ်နော်။

3. Can you give me a hand to lift this?
ဒါလေး မ ကူနိုင်မလားခင်ဗျာ။

4. Our staff are always on hand to help.
တို့ရဲ့ဝန်ထမ်းတွေက လိုအပ်လာရင် ကူညီဖို့ အမြဲအသင့်ပဲ။

5. I usually take a nap after lunch.
နေ့လယ်စာစားပြီးရင် တရေးတမော အိပ်လေ့ရှိတယ်။

6. She is near to crying.
သူ(မ)က ငိုမဲ့မဲ့ဖြစ်နေပြီ၊ (ငိုတော့မယ့်အတိုင်းပဲ)

7. It’s eleven o'clock, near enough.
(၁၁) နာရီထိုးခါနီးပြီ။

8. If you need anything, just say.
ဘာပဲလိုလို ပြောလိုက်ပါနော်။

9. I need glasses for reading.
စာဖတ်ဖို့ ငါမျက်မှန်လိုတယ်။

10. ‘I don’t like horror movies.’ 
သရဲကားတွေ မကြိုက်ဘူး။
‘Me neither.’
ငါလည်းမကြိုက်ဘူး။ 

Apply them.
Thx
HZH

Ref:
LDOCE 5

Comments

Post a Comment

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)