Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၉) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၉)

1. The movie starts at a quarter after seven.
ရုပ်ရှင်က (၇)နာရီ ၁၅ မိနစ်မှာ စပြတာ။
2. Go after him and apologize.
သူ့နောက်လိုက်သွားပြီး တောင်းပန်လိုက်နော်။
3. after you
အရင်လုပ်ပါ၊ အရင်သုံးပါခင်ဗျာ။
‘Do you need the copier?’
မိတ္တူကူးဖို့လိုတာလား။
‘After you.’
အရင်လုပ်လိုက်ပါ၊ ပြီးမှ ကျွန်တော်လုပ်ပါမယ်။
4. I’ve told you over and over again, don’t do that!
ငါမင်းကို မလုပ်ဖို့ ထပ်တလဲလဲပြောပြီးပြီလေကွာ၊ မလုပ်နဲ့ဆို မလုပ်နဲ့။
5. I'm busy now. Can you try again later?
ငါ အခုအလုပ်များနေတာ၊ နောက်မှ ပြန်ဆက်သွယ်ပေးပါလား။
6. You’re not allowed to buy alcohol. You’re under age.
မင်းကို အရက်ဝယ်ဖို့ခွင့်မပြုဘူး၊ အသက်မပြည့်သေးဘူး။
7. I'm floating on air.
ငါ တော်တော်ပျော်နေတာ။
8. The twins are dressed alike.
အမွှာနှစ်ယောက်က ဆင်တူဝတ်ထားကြတယ်။
9. All I’m asking for is a little respect.
ငါတောင်းဆိုနေတဲ့တစ်ခုတည်းသောအရာက လေးစားမှု နည်းနည်းလေးထားပေးဖို့ပါ။
10. She’s given up all hope of having a child.
ကလေးရဖို့မျှော်လင့်ချက်အားလုံးကို သူ(မ) စွန့်လွှတ်လိုက်ပြီ။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)