Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၀) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၆၀)

1. Come on, get moving or you’ll be late for school.
လုပ်ပါ၊ မြန်မြန်လုပ်ပါဟ၊ မင်းကျောင်းနောက်ကျလိမ့်မယ်။
2. I think it’s time we were moving.
တို့သွားသင့်ပြီလို့ ထင်တာပဲ။
3. This car can really move!
ဒီကားက တော်တော်မြန်တာ။
4. ‘That’s a new one on me.’
မကြားဖူးသေးဘူး၊ မသိသေးဘူး။
‘The office is going to be closed for six weeks this summer.’
ရုံးကို ဒီနွေရာသီမှာ ခြောက်ပတ်ကြာ ပိတ်တော့မှာတဲ့။
‘Really? That’s a new one on me.’
တကယ်လား၊ ငါမသိသေးဘူး။
5. I’ll let you have my new phone number.
ငါ့ဖုန်းနံပါတ်အသစ် မင်းကိုပေးမယ်လေ။
6. Ko Zaw arrived in his brand new car.
ကိုဇော်က သူ့ကားအသစ်စက်စက်ကြီးနဲ့ ရောက်လာတာ။
7. Stay away from that guy, he’s bad news.
သူနဲ့ဝေးဝေးနေနော်၊ သူက ပြဿနာရှာမယ့်သူ။
8. No news is good news.
ဘာသတင်းမှမရတော့ အဆင်ပြေနေတဲ့ပုံပဲ။
9. Stop biting your nails!
လက်သည်းကိုက်မနေနဲ့။
10. Is it OK if I call my folks?
ကျွန်တော့်မိဘနှစ်ပါးနဲ့ မိသားစုကို ဖုန်းခေါ်လို့ပြေမလား။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)