Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၈) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၈)

1. The apple doesn’t fall far from the tree.
ကလေး မလိမ္မာတာလည်းမပြောနဲ့၊ မိဘကလည်း ဆိုးတာကိုးဟ။
2. It’ll all end in tears.
အဲ့တာက အချင်းချင်းကြား ပြဿနာဖြစ်စေမှာနော်။
3. I’m too tired to go out tonight.
ည အပြင်မထွက်နိုင်အောင်ကို ပင်ပန်းနေပြီ။
4. I like to exercise to music.
လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်ရတာ ကြိုက်တယ်။
5. Don't forget to flush the toilet.
အိမ်သာရေဆွဲချဖို့မမေ့နဲ့နော်။
6. Lost your tongue?
ငြိမ်လှချည်လား၊ ဘာလို့ ဘာမှမပြောတာလဲ။
7. Don't speak with forked tongue.
ဟား၊ မဟုတ်တာတွေ လာမရွှီးနဲ့။
8. To top it all I lost my job.
နောက်ထပ်ဆိုးတာတစ်ခုက ငါ အလုပ်ပါ ပြုတ်သွားတာ။
9. Chopping onions makes my eyes water.
ကြက်သွန်နီလှီးတာ မျက်ရည်ယိုစေတယ်။
10. Please Muyar, don’t do anything rash.
မူယာရေ ဘာကိုမှ ပြာပြာယာယာ မလုပ်နဲ့နော်။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)