Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၈၆) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၈၆)
1. My parents kept moving house because of my dad’s job.
အဖေ့ရဲ့အလုပ်ကြောင့် ငါ့မိဘတွေ အိမ်အမြဲပြောင်းခဲ့ရတာ။
2. I ought to get moving – I have to be up early tomorrow.
ငါ သွားစရာရှိတယ်၊ မနက်ဖြန် စောစောထရမယ်။
3. Time’s moving on – we’d better get back to the car.
နောက်ကျနေပြီ၊ တို့ ကားဆီကို ပြန်သွားသင့်ပြီ။
4. Are you ready to move out?
ထွက်ဖို့အဆင်သင့်ဖြစ်ပြီလား။
5. Ko Aung arrived in his brand new car.
ကိုအောင်က သူ့ကား အသစ်စက်စက်ကြီးနဲ့ ရောက်လာတယ်။
6. You’re new here, aren’t you?
မင်း ဒီမှာရောက်တာ မကြာသေးဘူးမို့လား။
7. Fat lot of use you are in the kitchen.
မင်း မီးဖိုချောင်ထဲဝင်လည်း ဘာမှအကျိုးမရှိပါဘူးကွာ။
8. Doctors recommend eating less salt.
ဆရာဝန်တွေက ဆားလျှော့စားဖို့ အကြံပြုတယ်။
9. It costs much less to go by bus.
ဘတ်စ်စီးသွားတာက အကုန်အကျအများကြီး ပိုသက်သာတယ်။
10. He doesn’t have very much up top.
သူက ဥာဏ်သိပ်မကောင်းရှာဘူး။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment