Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၈၀) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၈၀)
1. If I can’t trust you, who else can I trust?
ငါ မင်းကို ယုံလို့မရရင် တခြားဘယ်သူ့ကို ငါ ယုံကြည်နိုင်မှာလဲ။
2. What’s with all the sad faces?
အားလုံးမျက်နှာတွေမကောင်းကြဘူး ဘာလို့လဲ။
3. Put your bags, cases, and whatnot in the back of the car.
အိတ်တွေ၊ သေတ္တာတွေ ပြီးတော့ တခြားပစ္စည်းတွေအားလုံးကို ကားနောက်ခန်းမှာ ထားပါ။
4. This is a sad day for us all.
ဒီနေ့ကတော့ တို့အားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ပဲ။
5. Sad to say, my nephew failed in the exam.
ကံဆိုးစွာပဲ၊ ကျွန်တော့်တူလေး စာမေးပွဲ မအောင်ဘူးဗျာ။
6. Sorry to hear the sad news.
ဝမ်းနည်းစရာသတင်းကြားရတာ စိတ်မကောင်းလိုက်တာ။
7. This switch here controls the lights.
မီးအားလုံးအဖွင့်အပိတ်ကို ဒီနားက ခလုတ်ကထိန်းတာနော်။
8. Here they are, late as usual.
ကဲ သူတို့ရောက်လာပါပြီဗျာ၊ ထုံးစံအတိုင်းပဲ နောက်ကျတယ်။
9. All three car parks are full, near enough.
ကားပါကင်သုံးခုလုံးမှာ ကားတွေ ပြည့်လုနီးပါးပဲ။
10. Who’s that man over there?
ဟိုနားက လူကြီးက ဘယ်သူလဲ။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment