လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၃) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၃)

Structures with ‘get’

‘Get’ ကို ပုံစံ (၄)မျိူးနဲ့ သုံးနိုင်ပါတယ်။

get + direct object

get ရဲ့နောက်မှာ direct object အသုံးပြုရင် ‘receive, obtain, fetch, buy’ ‘လက်ခံရရှိသည်၊ ယူဆောင်သည်၊ ဝယ်ယူသည်’ စတဲ့ အဓိပ္ပါယ်ရပါတယ်။

I got a book from my friend as a birthday present.

ကျွန်တော် သူငယ်ချင်းဆီကနေ မွေးနေ့လက်ဆောင်အဖြစ် စာအုပ်တစ်အုပ်ရခဲ့တယ်။

get + adjective

‘get’ ရဲ့နောက်မှာ adjective လိုက်ရင် ‘become’ ‘ဖြစ်လာသည်’ ဆိုပြီး အဓိပ္ပါယ်ရပါတယ်။

My English is getting better.

ကျွန်တော့် အင်္ဂလိပ်စာအရည်အသွေး ပိုကောင်းလာတယ်။

It gets dark very early in winter.

ဆောင်းရာသီမှာ မှောင်တာစောတယ်။

get + adverb particle/ preposition

‘get’ ရဲ့နောက်မှာ adverb particle/ preposition လိုက်ပြီး ‘move, change position’ ‘ရွှေ့သည်၊ နေရာရွှေ့သည်’ လို့ အဓိပ္ပါယ်နဲ့လည်း သုံးပါတယ်။

She got into her car and drove away.

သူ(မ) ကားထဲဝင်ပြီးတော့ မောင်းထွက်သွားတယ်။

Get on the bus opposite the cinema, and get off at the second stop.

ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင်က ဘတ်ကားပေါ်တက်ပြီး ဒုတိယမှတ်တိုင်မှာ ဆင်းပါ။

‘get’ as a phrasal verb

‘get’ ကို phrasal verb အဖြစ်လည်း သုံးနိုင်ပါတယ်။

I get up at seven o’clock in the morning.

ငါ မနက်ခင်းမှာ (၇)နာရီ အိပ်ရာထတယ်။

I like to get away from my home at the weekend.

စနေ၊ တနင်္ဂနွေဆို ငါ အိမ်မှာမနေချင်ဘူး၊ တနေရာရာသွားချင်တယ်။

အချုပ်အားဖြင့် ‘get’ ကို ပုံစံ (၄) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

get + direct object (receive, obtain, fetch, buy etc)

get + adjective (become)

get + adverb particle/ preposition (move, change position)

get as a phrasal verb

 

Apply them.

Thx

HZH

Ref:

Page 187

How English Works

by Michael Swan & Catherine Walter



Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)