တိုင်းတပါးသား အင်္ဂလိပ်စာ (ဒေါက်တာစိုးသန်း)


တိုင်းတပါးသား အင်္ဂလိပ်စာ


(မနှစ်ကဒီအချိန်ရေးခဲ့တဲ့စာ)

ကျွန်တော်အလုပ်လုပ်နေတဲ့ ကျောင်းက အင်္ဂလိပ်စာဌာနမှာ လူမျိုးပေါင်းတော်တော်စုံတယ်။ British, American, Australian, Canadian စတဲ့ native speakers တွေရှိသလို Indian, Philippino, Singaporean, Myanmar စသည်ဖြင့် near-native ဆရာတွေလည်းများပါ့။ accent လေးတွေလည်း မျိုးစုံကြားရတာပေါ့။
တနေ့က meeting အပြီးမှာ Canadian ဆရာက ပြင်သစ်ဆရာတစ်ယောက်ကို လှမ်းစလိုက်သဗျ။

It slowly kills the soul of the French man to be teaching English as a profession.
အင်္ဂလိပ်စာကို သက်မွေးမှုတစ်ခုအနေနဲ့ သင်ကြားပေးနေရတာ ပြင်သစ်လူမျိုးရဲ့ စိတ်ဓာတ်ကို ဖြည်းဖြည်းချင်း သတ်သလိုပဲ  လို့ပြောရမယ်ထင်တယ်။

သူတို့လည်း ရီရီမောမောနဲ့ အခန်းထဲက ထွက်သွားတော့ ရာဇဝင်ထဲမှာ အင်္ဂလိပ်နဲ့ ပြင်သစ်တွေဟာ ကျွန်တော်တို့ ရွှေတွေနဲ့ 'ယ'ပလက်တို့လို အပြန်အလှန် ဆော်ပလော်တီးခဲ့ကြ ပြီး သူတို့ရဲ့ နေ့စဉ်သုံး စကားတချို့မှာတောင် တစ်ဖက်နဲ့ တစ်ဖက် ပုတ်ခက်သုံးစွဲနေ ကြသေးတာလေးတွေ တွေးမိကာ....
အခု ဒီမှာ လူမျိုးနာမည် နိုင်ငံနာမည် ပါတဲ့ အသုံးများတဲ့ အင်္ဂလိပ် စကား အသုံးလေးတွေကို စုစည်း ချရေးလိုက်ပါတယ်။

1. Pardon my French 
ကျွန်တော့်ရဲ့ ပြင်သစ်စကားကို ခွင့်လွှတ်ပါတဲ့
ဆဲဆို သလို တစ်ခုခု ကြမ်းတမ်းတဲ့ စကားမပြောခင် စကားပလ္လင်ခံပြီး တောင်းပန်ထားတာ
Pardon my French, but I think that guy is full of bullshit.
ရိုင်းတယ်မမှတ်ပါနဲ့၊ ကျွန်တော့်အထင်တော့ အဲဒီကောင်ဟာ ပေါက်ကရကောင်။

2. to take French leave
3. ပြင်သစ်ခွင့်ယူတယ်ဆိုတာ အလုပ်ကနေ တရားဝင်ခွင့်မတိုင်ဘဲ ပျက်ကွက်တာ
After the football match last night, some staff have taken French leave.
မနေ့ညက ဘောလုံးပွဲကြောင့် ဝန်ထမ်းတွေ ခွင့်မတိုင်ဘဲ ပျက်ကြတယ်။

3. French kiss တော့သိကြမှာပါ။ နှုပ်ခမ်းခြင်းနမ်းတာ

4. slow boat to China
တရုပ်ပြည်ကြီးသို့သွားနေသော နှေးကွေးသည့်လှေ

တနေရာကိုသွားတာ ကြာနေတယ် တော်တော်နဲ့မရောက်နိုင်၊ project တစ်ခု စသည်ဖြင့် ဖင့်နွဲနေတယ် မပြီးနိုင်သေး
Going back home in this evening rush hours is just like being on a slow boat to China.
ညနေရုံးဆင်းလမ်းပိတ်ချိန် အိမ်ပြန်ရတာ တော်တော်နဲ့ကို မရောက်နိုင်ပါဘူး။

5. not for all the tea in China
တရုပ်ပြည်မှာ လ္ဘက်ခြောက်တော်တော်ပေါလို့နဲ့တူပါတယ်

ဘာကြီးလာပေးပေးမရဘူး၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ငြင်းတဲ့ အခါမှာသုံးတယ်
You want me to quit beer! No way, not for all the tea in China.
ဘီယာဖြတ်ရမယ် ဟုတ်လား၊ မရဘူး ဘာကြီးလာပေးပေးမရဘူး။

6. Chinese whispers
သတင်းတစ်ခုဟာ တစ်ယောက်ပါးစပ်မှ နောက်တစ်ယောက်ဆီရောက်တော့ ချဲ့ကားသွားပြီး ဘာကိုအတည်ယူရမှန်းမသိဖြစ်သွားပုံ။ မြန်မာစာမှာလည်း  ကိုဘ ခလုပ်တိုက်လဲတာ နောက်တစ်ယောက်ထံမှာတော့ ကိုဘ ဖားပြုတ်ကိုက်ခံရသတဲ့   ဖြစ်သွားသလိုမျိုး။

They said that the new actress was dating with the director, but you know this Chinese whispers effect.
မင်းသမီးလေးဟာ ဒါရိုက်တာနဲ့ ဖြစ်နေတယ်လို့ပြောကြတာပဲ။ ဒါပေမဲ့ အတင်းအဖြင်းဆိုတာ သိတဲ့အတိုင်းဘဲ။

7. to go Dutch
နယ်သာလန် နိုင်ငံသားတွေက ကပ်စေးနည်းလို့များလား

ဆိုင်မှာစားသောက်ပြီးရင် ကိုယ့်အတွက်ကျသင့်ငွေ ကိုယ်ရှင်းတဲ့စနစ်။ ရွှေတွေကတော့ ပိုက်ဆံရှင်းကာနီး လုရှင်းတတ်ကြတယ်နော်။ အားနာတတ်တာကိုး။
We usually go Dutch when we eat out with our office mates.
ရုံးကအဖေါ်တွေနဲ့ ထွက်စားကြရင်တော့ ကိုယ်စားတာ ကိုယ်ရှင်းကြတယ်။

8. Dutch courage
အရက်မူးမှ သတ္တိရှိတာမျိုး 

After a couple of drinks, he picked up enough Dutch courage to challenge his enemy.
နဲနဲသောက် ရဲဆေးတင်ပြီးမှ သူ့ရဲ့ရန်သူကို သူစိန်ခေါ်ရဲတာ။

9. It's all Greek to me
ဘာမှကို နားမလည်ပါဘူး လို့ပြောတာ။ 

I tried to read his new book, but it's all Greek to me.
သူ့စာအုပ်သစ်ဖတ်ကြည့်တာ ဘာမှကိုနားမလည်ပါဘူး။

10. Talk for England
လေရှည်လိုက်တာ၊ လေကြောရှည်တာဖြတ်လို့မရဘူးတဲ့

Sorry I'm late. I just bumped into Mya Mya; you know she could talk for England.
နောက်ကျတာခွင့်လွှတ်ပါ။ လမ်းမှာ မြမြနဲ့တိုးနေလို့၊ သူနဲ့လေကြောဖြတ်ရခက်တာ သိတယ်ဟုတ်။

11. a Mexican standoff
ကိစ္စတစ်ခု ဆွေးနွေးကြရာမှာ နှစ်ဖက်လုံးအတွက် အစဉ်မပြေ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေခြင်း

We won't be able to sign the documents today. Our representatives are stuck in a Mexican standoff.
ဒီနေ့တော့ စာရွက်စာတမ်းတွေ လက်မှတ်မထိုးနိုင်တော့ဘူး။ ကိုယ်စားလှယ်တော်ကြီးတွေ တဖက်နဲ့တဖက်ညှိလို့မရကြသေး။

12. Indian summer အရမ်းပူပြင်းတဲ့ရာသီ

13. Too many chiefs and not enough Indians
ဗိုလ်လုပ်ချင်သူ၊ ဆရာလုပ်ချင်သူများပြီး တပည့်လုပ်မည့်သူမရှိ။

စဉ်းစားလို့ရသလောက်ရေးလိုက်တယ်။ မိတ်ဆွေတို့သိတာလေးတွေလည်း comment box မှာ share ခဲ့ကြပါ။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)