"မတည့်ဘူး" ဆိုတာ ဘယ်လိုမတည့်တာလဲ (ဒေါက်တာစိုးသန်း)
"မတည့်ဘူး" ဆိုတာ ဘယ်လိုမတည့်တာလဲ
အဲဒီသောက်ဆေး ငါနဲ့မတည့်ဘူး။
ဖရဲသီးနဲ့ ဘဲဥနဲ့မတည့်ဘူး။
ဒီကောင်မလေးနှစ်ယောက် မတည့်ကြဘူး။
မြန်မာလိုတော့ "တည့်တယ်၊ မတည့်ဘူး" တစ်လုံးနဲ့ အဆင်ပြေသား။ အင်္ဂလိပ်လိုတော့ တည့်တယ်၊ မတည့်ဘူး မှန်ကန်စွာ သုံးနိုင်အောင် ခွဲခြားမှတ်ထားဖို့လိုပါတယ်။
📍လူတစ်ယောက်နဲ့ ဆေးဝါးတစ်ခုခု မတည့်ဘူးဆိုရင်....
be allergic to လို့အသုံးများတာကို မှတ်ထားပါ။
ဆေးရုံ ဆေးခန်း နေမကောင်းလို့သွားပြရင် ဆရာဝန် သို့မဟုတ် သူနာပြုဆရာမလေးတွေ မေးကြတဲ့ မေးခွန်းက...
✏️Are you allergic to any medications?
သင်နဲ့မတည့်တဲ့ ဆေးရှိသလား။
✏️Are you allergic to anything?
သင်နဲ့ မတည့်တာ ဘာရှိသလဲ။
✏️Are you allergic to any food?
သင်နဲ့ မတည့်တဲ့ အစားအစာရှိသလား။
✏️Yes, I am allergic to penicillin.
ဟုတ်ကဲ့။ ကျွန်တော် ပန်နယ်စလင်နဲ့ မတည့်ပါဘူး။
✏️No, I am not allergic to anything.
မတည့်တာ မရှိပါဘူး။ အားလုံးနဲ့တည့်ပါတယ်။
ဆိုတော့ကာ allergic ဆိုတာ ဓာတ်မတည့်တာပေါ့။ ကိုယ်နဲ့မတည့်တဲ့ ပစ္စည်း၊ အစားအစာ၊ ဆေး စသည်ဖြင့်ကိုင်မိ၊ထိမိ၊ စားသုံးမိရင် rash ယားလာတာ၊ swelling ရောင်ရမ်းတာ၊ sickness နေမကောင်းဖြစ်တတ်တာကို allergic (adjective) နဲ့ allergy (noun) လို့မှတ်ထားပါ။
✏️I am allergic to dust.
ဖုံ နဲ့မတည့်၊ ယားတတ်တယ်
✏️I am allergic to cats.
ကြောင် အမွှေးထိလို့မရ၊ ကြောင်နဲ့မတည့်
✏️I am allergic to alcohol.
အရက်နဲ့ မတည့်
✏️He is allergic to work.
သူဟာ အလုပ်နဲ့ မတည့်ဘူး (အလုပ်ဆိုရင် အီလေးအာလေးနဲ့)
drug allergy= ဆေးနဲ့ မတည့်ခြင်း
allergy symptoms= ဓာတ်မတည့်ခြင်းကိုပြသည့် လက္ခဏာများ (rash, swelling)
📍လူတစ်ယောက်နဲ့ အစားအသောက် တစ်ခုခု မတည့်ဘူးဆိုရင်.....
(a food item doesn't agree with someone) ဆိုတဲ့ ဝါကျပုံစံကို အသုံးပြုရပါမယ်။
✏️Ripe mangoes don't agree with me.
ကျွန်တော် သရက်သီးမှည့်နဲ့ မတည့်ဘူး။
(အစားအသောက်နဲ့ ဝါကျကိုစပါ။ လူကို Subject နေရာမှာထားပြီး ဝါကျကို မစပါနဲ့။ I don't agree with ripe mangoes. လို့မှားပြောရင် လူပြုံးစရာဖြစ်သွားပါလိမ့်မယ်။)
✏️Spicy food doesn't agree with me.
✏️Spicy food doesn't agree with my stomach.
စပ်တဲ့ အစားအသောက်တွေနဲ့ ကျွန်တော်မတည့်ဘူး။
(ကျွန်တော့် ဗိုက်နဲ့မတည့်ဘူး။)
doesn't agree with me လို့အပြင် doesn't agree wih my stomach လို့လည်းသုံးလို့ရတာကို မှတ်ပါ။
✏️Fried foods don't agree with me. I always get sick whenever I eat them.
ဆီကျော်အစားအစာတွေနဲ့ ငါမတည့်ဘူး။ စားလိုက်တိုင်း နေမကောင်းဖြစ်တယ်။
✏️City life doesn't agree with me at all. I prefer the fresh air in my provincial town.
ငါနဲ့ မြို့ပြနေထိုင်မှုနဲ့ မတည့်ဘူး။ တောမြို့လေးက လေကောင်းလေသန့်ကို ပိုကြိုက်တယ်။
(ဒီဝါကျကတော့ အစားအသောက်နဲ့မတည့်တာအပြင် တစ်ခုခုနဲ့ ကိုယ်နဲ့ ပနာမသင့်ဘူးဆိုတာကိုလည်း doesn't agree with နဲ့သုံးပြထားတာပါ။)
📍လူနှစ်ယောက် မတည့်ကြဘူးဆိုရင်....
don't get along ကိုသုံးပါတယ်။
✏️How are you getting along with your new classmates?
မင်း အတန်းဖော်သူငယ်ချင်းအသစ်တွေနဲ့ အဆင်ပြေရဲ့လား။ တည့်ကြရဲ့လား။
✏️Yes, I get along very well with them.
အရမ်းအဆင်ပြေတယ်၊ တည့်ပါတယ်။
✏️But I don't (can't) get along with Mya Mya.
ငါ မြမြနဲ့တော့ မတည့်ဘူး။
✏️She is quite difficult to get along with.
သူက ပေါင်းသင်းရခက်တယ်။ တည့်ဖို့မလွယ်ဘူး။
လူနှစ်ယောက် တည့်တယ်၊ မတည့်ဘူး ပြောဖို့ နောက်ထပ်တစ်ခုထပ်မှတ်ထားသင့်တာက...
to be on good terms= အရမ်းတည့်ကြတယ်
be not on good terms= မတည့်ကြဘူး
not on speaking terms= မခေါ်ကြဘူး၊ စကားမပြောကြဘူး
✏️Are they on good terms?
✏️Are they on good terms with each other?
သူတို့နှစ်ယောက် တည့်ကြရဲ့လား။
✏️Myanmar is on good terms with India.
မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတို့ သင့်မြတ်ကြပါတယ်။
✏️Ma Ma and Win Win are not on speaking terms.
မမ နဲ့ ဝင်းဝင်းတို့ မခေါ်ကြဘူး။
နှစ်ယောက်မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ မတည့်ကြဘူး၊ တဂျိန်းဂျိန်းချနေကြရင်တော့
to be at loggerheads ဆိုတဲ့ အီဒီယံကို အသုံးများလို့ မှတ်ထားပါ။
📍ပစ္စည်းတစ်ခုကို နောက်ပစ္စည်းတစ်ခုနဲ့ တွဲသုံးလို့မရ၊ သဟဇာတမဖြစ်သော၊ အစေးမကပ်သော စသည်ဖြင့်မတည့်တာဆိုရင်....
not compatible with/incompatible with လို့သုံးရပါတယ်။
compatible (adjective)= လိုက်ဖက်သော၊ သဟဇာတဖြစ်သော၊ တွဲဖက်သုံးနိုင်သော၊ အံဝင်ခွင်ကျသော
incompatible ကတော့ ဆန့်ကျင်ဖက် adjective ပေါ့။
✏️This printer is compatible with any kind of computers.
ဒီ ပုံနှိပ်စက်ကို ဘယ်ကွန်ပြူတာမျိုးနဲ့မဆို တွဲသုံးလို့ရတယ်။
✏️The new bluetooth speaker I bought is incompatible with the TV we have at home.
ငါအသစ်ဝယ်လိုက်တဲ့ bluetooth speaker က အိမ်မှာရှိတဲ့ TV နဲ့ တွဲသုံးလို့မရဘူး။
အတူယှဉ်တွဲ၍ မစားသုံးသင့်သော အစားအစာများကိုတော့ incompatible food items လို့ခေါ်ပါတယ်။
✏️Milk is incompatible with watermelons.
နို့နဲ့ ဖရဲသီး မတည့်ဘူး။ အတူတူမစားနဲ့။
ကဲ...ဒီလို ဥပမာတွေခပ်များများနဲ့ရှင်းပြလိုက်လို့ တည့်တယ်၊ မတည့်ဘူးကို အင်္ဂလိပ်လို မှန်ကန်အောင် သုံးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
With love,
Dr.Soe Than
October 25, 2017
Comments
Post a Comment