ခြံခုန်ချင်တဲ့နွားနှင့် အိမ်ထောင်ရေးဖောက်ပြန်သူတို့အကြောင်း (ဒေါက်တာစိုးသန်း)
ခြံခုန်ချင်တဲ့နွားနှင့် အိမ်ထောင်ရေးဖောက်ပြန်သူတို့အကြောင်း
"အို...ခြံခုန်ချင်လို့လား....ပင်ပန်းနေပါ့မယ်၊ ခြံတံခါးကို ကိုယ်တိုင်သာဖွင့်ပေးလိုက်မယ်" တဲ့။
ဟိုးတလောက Facebook ပေါ်မှာ မိတ်ဆွေတစ်ယောက်ရေးထားတာလေး သဘောကျလို့ မှတ်မိနေတာ။ အဲဒီအချိန်တုန်းကလည်း ရွှေပြည်ကြီးက social media ပေါ်မှာ အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းတွေ မှိုလိုပေါက်နေချိန်လည်းဖြစ်တော့ ....ကျွန်တော်လည်း ဒီ topic ကို post လေးတစ်ခုရေးတင်မယ်ဆိုပြီး စိတ်ထဲတေးထားခဲ့တာ တခြားအလုပ်တွေပေါ်လာတာနဲ့ ခုမှရေးဖြစ်တာပါ။
🍓ပထမဦးဆုံးပြောပြချင်တာက အိမ်ထောင်ဖက်ကို အင်္ဂလိပ်လိုခေါ်တဲ့ စကားလုံးလေးတွေပါ။
husband= လင် ယောက်ျား
wife= မယား
spouse= အိမ်ထောင်ဖက် (ကျားရော မ ပါ သုံးလို့ရသည်)
better half= အိမ်ထောင်ဖက် (spouse နဲ့တူပါသည်)
wifey= မယား (ယောက်ျားက အဖျားစွတ်ခေါ်ပုံ)
significant other= အိမ်ထောင်ဖက် (spouse ကဲ့သို့ပင်)
hubby= ယောက်ျား (မိန်းမက အဖျားစွတ်ခေါ်ပုံ)
ဒါတွေကတော့ တရားဝင်လက်ထပ်ထားပြီးကြသူတွေကို သုံးစွဲပုံလေးတွေပါ။ လက်မထပ်ဘဲ အတူနေနေကြသူတွေဆိုရင်တော့ တစ်ဦးကို တစ်ဦး my partner လို့ ညွှန်းလေ့ရှိကြတယ်။ partner ဆိုတာ ကျားရော မ ပါသုံးလို့ရပါတယ်။
💡💡တစ်ခု သတိထားစေချင်တာက မြန်မာလို "ချစ်သူ" လို့တွေးပြီး အင်္ဂလိပ် "lover" ဆိုတဲ့ စကားလုံးကို မသုံးမိစေချင်ပါ။ ဘာကြောင့်လဲ သိချင်ရင် lover ရဲ့ အဓိပ္ပါယ်ကို dictionary ထဲမှာ ဖွင့်ဆိုထားပုံကို ကြည့်ပါ။
lover= a person having a sexual or romantic relationship with someone, often outside marriage
အပေါ်က အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ outside marriage ဆိုတာလေးက အရေးကြီးပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်တာပေါ့။ lover ဆိုတာ ကိုယ်နဲ့ တိတ်တိတ်ပုန်းဖြစ်နေတဲ့သူ......။
🍓ခုဆက်ပြီး သိထားသင့်တဲ့ Adjective လေး နှစ်ခုကို ထပ်ပြောပြပါ့မယ်။ chaste နဲ့ wanton လို့မှတ်ထားပါ။
chaste= ကာမေသုမိစ္ဆာစာရကို ရှောင်ကြဉ်သော
အရေးကြီးတဲ့ စကားလုံးလေးပါ။ sex နဲ့ပတ်သက်လို့ မမှားယွင်းသူ သစ္စာစောင့်ထိန်းသူဆိုရင် a chaste woman လို့ သုံးတယ်။ unchaste ဆိုရင် ဆန့်ကျင်ဖက်ပေါ့။
wanton= လျှပ်ပေါ်လော်လည်သော၊ ကာယိနြေ္ဒမစောင့်သော၊ ပျံတံတံ နန့်တန့်တန့်
a wanton woman လို့ သုံးကြတယ်။ ဖြတ်ဖြတ်လူးလေးပေါ့။
ဆိုတော့ကာ chaste ဖြစ်တဲ့သူဟာ အိမ်ထောင်ဖက်ပေါ်မှာ သစ္စာရှိမယ်၊ A chaste person is faithful to his or her spouse. သို့သော် wanton ဖြစ်သူကတော့ အိမ်ထောင်ဖက်ကို လှည့်စားမယ် ဖောက်ပြန်မယ် ခြံခုန်တတ်တယ်ပေါ့။ A wanton woman will cheat on her husband.
🍓အဓိက မှတ်စေချင်တဲ့ အသုံး သုံးခုက
1. to be faithful to one's spouse/partner
အိမ်ထောင်ရေး သစ္စာရှိသည်
(to be unfaithful to one's spouse/ partner ဖောက်ပြန်တယ်)
2. to cheat on one's husband/wife/spouse/partner
အိမ်ထောင်ရေးဖောက်ပြန်သည်
3. to have an affair with someone
တိတ်တိတ်ပုန်းဖြစ်နေသည်
နမူနာဝါကျလေးတွေထပ်ကြည့်ပါ။
1. Most Burmese women are faithful to their husbands.
မြန်မာ အမျိုးသမီးများသည် သူတို့၏ အိမ်ထောင်ဖက်အပေါ် သစ္စာရှိကြသည်။
2. A good husband will never cheat on his wife.
လင်ယောက်ျားကောင်းတစ်ဦးသည် ဘယ်သောအခါမှ သူ့ဇနီးကို သစ္စာမဖေါက်။
3. The boss is having an affair with his secretary.
သူဌေးဟာ အတွင်းရေးမှုးမလေးနဲ့ တိတ်တိတ်ပုန်းငြိနေတယ်။
🍓ဆိုတော့ကာ ...cheat on ကို သိပြီးရင် သူနဲ့ အဓိပ္ပါယ်တူပြီး အသုံးများတဲ့ အောက်က verb နှစ်ခုကိုထပ်မှတ်ပါ။
deceive
betray
🍓unfaithful အိမ်ထောင်ရေး သစ္စာမရှိသောနဲ့ အဓိပ္ပါယ်တူ မသိမဖြစ်သိရမဲ့ နောက် Adjective တစ်ခုကတော့
adultrous ပါ။
adultrous (adjective) ဖောက်ပြန်သော
adultery (noun) ဖောက်ပြန်ခြင်း
adultrer (noun) ဖောက်ပြန်သူ
Adultery is a sin. ဆိုတဲ့ ဝါကျလေးကိုလည်း မှတ်ထားပါ။ အပြစ်ရှိတဲ့ မကောင်းမှု အကုသိုလ်ပါ။ adultery ဟာ ပြစ်မှု မကောင်းမှုဖြစ်လို့ ဝါကျဖွဲ့ရင် to commit ကြူးလွန်သည် ဆိုတဲ့ verb နဲ့ တွဲသုံးရပါတယ်။
She commited adultery with a much younger man.
သူမဟာ သူ့ထက်တော်တော်လေးငယ်တဲ့ ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်။
ကဲ ...အခုဆက်ပြီး အသုံးများတဲ့ vocabulary words တွေနဲ့ expressions တွေကို အောက်မှာ အုပ်စုလေးတွေ ခွဲပြီးတင်ပြပေးထားတာကို ကြည့်ပါ။ များများတတ်ချင်တဲ့ သူကတော့ များများမှတ် များများလေ့ကျင့်ရမှာပေါ့။
🍓မယားငယ်၊ အမြှောင်၊ အပျော်မယား ကို ခေါ်ဆိုပုံများ
(အားလုံးဟာ Noun တွေပါ)
a lesser wife
a minor wife
a concubine
a mistress
a kept woman
another woman
the other woman
🍓အိမ်ထောင်ရေးဖောက်ပြန်ခြင်း ကိုခေါ်ဆိုပုံများ
(အားလုံးဟာ Noun တွေပါ)
cheating
adultery
infidelity
extramarital affair
fling
flirtation
hanky-panky
dirty weekend
fooling around
playing around
sleeping around
a bit on the side
two-time/two-timing
cheating
forbidden love
illicit love
🍓adultrer အိမ်ထောင်ရေးဖောက်ပြန်တတ်သူ၊ မိန်းမရှုပ်သူ၊ မြှာပွေသူ ယောက်ျားကို ခေါ်ဆိုပုံများ
(အားလုံးဟာ Noun တွေပါ)
chaser
lady killer
womaniser
philander
wolf
Romeo
tomcat
playboy
heartbreaker
smooth operator
night owl
lady's man
skirt chaser
sugar daddy
🍓adultrer အိမ်ထောင်ရေးဖောက်ပြန်တတ်သူ၊ နောက်မီးလင်းတတ်သော မိန်းမကို ခေါ်ဆိုပုံများ
(အားလုံးဟာ Noun တွေပါ)
man-eater
seductress
femme-fatale
coquette
minx
cougar
sugar momma
ပြီးတော့ နောက်အသုံးလေး တစ်ခုကတော့ eternal triangle တဲ့။ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းပေါ့။
😨😨ကဲ ...နောက်ဆုံးပိတ် အနေနဲ့ စကားပြောမှာ သုံးနိုင်အောင်လို့ ခြံခုန်တဲ့ ယောက်ျားဥပမာဝါကျလေးတွေနဲ့ အဆုံးသတ်ပါရစေ။
He is playing away from home.
သူဟာ ဖောက်ပြန်နေတယ်။ (အိမ်နဲ့ ဝေးရာမှာ ကစားနေတယ်တဲ့။ အိမ်ကွင်းမှာမဟုတ် အဝေးကွင်းမှာ အလုပ်များနေသူ)
He is seeing another woman.
သူဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖြစ်နေတယ်။ ချိန်းတွေ့နေတယ်။ (အရမ်းရိုးရှင်းပြီး အသုံးများတဲ့ ဝါကျပါ)
He fools around on his wife.
He is sneaking around on his wife.
သူဟာ သူ့ရဲ့ ဇနီးကို လှည့်စားနေတယ်။
He is having it away with his old flame.
သူဟာ သူ့ရည်းစားဟောင်းနဲ့ တိတ်တိတ်ပုန်း ပြန်ဖြစ်နေတယ်။
ကျွန်တော့ရဲ့ ထုံးစံအတိုင်း အကြောင်းအရာတစ်ခုကို ခရေစေ့တွင်းကျ ရှင်းပြချင်တတ်တာမို့လို့ များကောင်းများသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုကို သိထားတတ်ထားမှ ကိုယ်က သူများကို ပြန်ပြော ပြန်သင်ပေးနိုင်တဲ့ အဆင့်ရောက်မှာမို့လို့ တတ်နိုင်သမျှရေးချလိုက်ရပါတယ်။ ကျန်းမာ ချမ်းသာ ကြပါစေ။ သစ္စာကြီးသူတွေနဲ့ ဆုံဆည်းကြပါစေ။
With love,
Dr.Soe Than
May 14, 2017
Comments
Post a Comment