ဒွါရကိုးပေါက် အင်္ဂလိပ်စာ (ဒေါက်တာစိုးသန်း)

ဒွါရကိုးပေါက် အင်္ဂလိပ်စာ


- ဆရာဒေါက်တာစိုးသန်း၏ 'လူငယ်များအတွက် အင်္ဂလိပ်စာ ဗိုက်တာမင်ဆောင်းပါးများ' စာအုပ်မှ ကူးယူဖော်ပြသည်။

တူလေး၊ တူမလေးတွေက သိချင်စိတ်ရှိကြပါတယ်။ inquisitive ဖြစ်တယ်။ တွေ့ရင် ကြံကြံဖန်ဖန်မေးခွန်းလေးတွေ မေးတတ်ကြတယ်။ "အီးပေါက်တာ အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲပြော" ဆိုတာမျိုးတွေပေါ့။
သိပ္ပံမောင်ဝရဲ့ မောင်လူအေးကို ကလေငယ်က "စာကလေးတွေ ဘာကြောင့် ဖိနပ်မစီးတာလဲ" လို့မေးတာ ပြန်သတိရမိတယ်။
ကလေးငယ်မေးတဲ့ မေးခွန်းဖြစ်ပေမယ့် သူ့ဘာသာစကားလေ့လာရာမှာ လူတိုင်းသိထားရမဲ့ usage တွေဖြစ်နေလို့ စဉ်းစားမိသလောက် ရေးပေးလိုက်ပါတယ်။
ရိုင်းတယ်လို့ ယူဆရင်လည်း နားနဲ့မနာ ဖဝါးနဲ့နာတော်မူပါလို့..... ။

အိမ်သာတက်ချင်ကြောင်းပြောပုံများ


I need to answer the call of nature.
(သဘာဝတရားကခေါ်နေပြီ၊ ပြဿ     နာ ရှင်းလိုက်ဦးမယ်)
I need to relieve myself. (ဝိတ်လျှော့ချင်လို့)
အဲ့ဒီဝါကျ (၂) ကြောင်းဟာ fromal ဖြစ်တယ်။

I want to use the restroom.
I need to go to the bathroom.
I want to wash my hands.
I need to use the toilet.
အထက်ပါဝါကျတွေအားလုံးဟာ ယဉ်ကျေးစွာ ပြောတာတွေပါ။

အမျိုးသမီးတွေ အိမ်သာခဏဝင်ချင်ကြောင်းပြောရာမှာ


Let me go and powder my nose.
I should go puff my nose.
အထဲခဏဝင် ပေါင်ဒါတို့ဦးမယ်တဲ့။

Verb ၂ ခုကို မှတ်ပါ။
defecate = အလေးသွားသည်။
urinate = အပေါ့သွားသည်။

ကလေးတွေသုံးတဲ့ စကား ၂ လုံး


poo = အီး
pee = ရှုရှုး

လူကြီးတွေကလည်း အဲဒီစကား ၂ လုံးကို စကားပြောရာမှာ Verb လို သုံးကြပါတယ်။
He wants to poo.
I need to pee. စသည်ဖြင့်။
လူကြီးတွေက number 1 အပေါ့နဲ့ number 2 အလေးဆိုပြီး ခွဲသုံးကြသေးတယ်။

အပေါ့သွားချင်တယ် ပြောပုံများ


သူငယ်ချင်းတွေနဲ့ I want to urinate လို့ပြောရင် စာအုပ်ကြီးလေသံပေါက်နေလို့ လူရယ်စရာဖြစ်မယ်။ အောက်က ဝါကျလေးတွေ သုံးရပါတယ်။

I have to go.
I need to piss.
I want to take a piss.
I need to pee.
I have to peepee.
Let me go and tinkle.
I need to wizz.

လေလည်လိုက်လား။


fart = လေလည်သည်၊ လေလည်ခြင်း။
ဒီလေထုညစ်ညမ်းမှုနဲ့ ပက်သက်တဲ့ အသုံးတွေ ထပ်ကြည့်ပါဦး။
break wind အသုံးအများဆုံးပါ။

We were quietly listening to the lecture, then somebody broke wind.
စာသင်တာကို အားလုံး အာရုံစိုက်နားထောင်နေတုန်း တစ်ယောက်က ဗုံးခွဲလိုက်တယ်။

pass gas ဓာတ်ငွေ့လွှတ်သည်တဲ့။
cut the cheese ချိစ်တုံးကို လှီးလိုက်ရင် ချဉ်စုတ်စုတ်အနံ့ထွက်လို့နဲ့ တူပါရဲ့။
အတိုကောက် cut one လို့လည်း သုံးတယ်။
rip one စာရွက်တွေ ဆွဲဖြဲလိုက်သံကြောင့် ထင်ပါတယ်။

Did you just rip one?
Did you just cut the cheese?
မင်းလေလည်လိုက်လား။

အခြားအတိုအထွာလေးတွေလည်း အောက်မှာဆက်ဖတ်ပါ။

hiccup = ကြို့ထိုးသည်။
belch = burp လေတက်သည်။
belch လူကြီးတွေ လေတက်တာ၊ burp ကတော့ baby လေးတွေ နို့တိုက်ပြီး လေထုတ်ပေးတာမျိုးတွေမှာ သုံးတယ်။
cough ချောင်းဆိုးသည်။
constipated ဝမ်းချုပ်နေသော။
diarrhea ဝမ်းပျက်နေခြင်း။

I have an upset stomach.
ဗိုက်မကောင်းဘူးလို့ ယဉ်ကျေးစွာသုံးတယ်။

bad breath အာခံတွင်းနံခြင်း။
body odour ခန္ဓာကိုယ်နံခြင်း။ (BO လို့အတိုသုံးကြတယ်)
spit တံတွေး၊ တံတွေးထွေးသည်။
saliva တံတွေး။

to pick one's nose နှာခေါင်းနှိုက်သည်။
ဒါကို ကလေးတွေက digging for gold ရွှေတူးနေတယ်ဆိုပြီး ချစ်စရာအသုံးလေး သုံးကြတယ်။

တစ်ခါမှတော့ဒါမျိုးမရေးဖူးဘူး၊ အမှတ်တရပေါ့။


                                           ဒေါက်တာစိုးသန်း

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)