The Art of Giving Presentations ဟောပြောတင်ပြခြင်း အနုပညာ (ဒေါက်တာစိုးသန်း)
The Art of Giving Presentations
ဟောပြောတင်ပြခြင်း အနုပညာ
My heart skipped a beat. အသက်ရှုဖို့တောင်မေ့သွားသလိုလို...
It sent shivers down my spine. သည်းထိတ်ရင်ဖို လန့်လိုက်တာဗျာ...
It gave me goose bumps. ကြက်သီးမွှေးညှင်းလေးတွေတောင်ထသဟ....
I don't know whether I am coming or going. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ..
I got rather hot under the collar. ရုတ်တရက် ထူပူပြီး စိတ်တွေဂယောက်ဂယက်ဖြစ်သွားရော...
ဟဲဟဲ...တလွဲမတွေးနဲ့ဦးနော်၊ သူရဲကား horror movie ကြည့်တဲ့အကြောင်းပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်ကျောင်းသားတွေဖြစ်နေပုံလေးတွေပြောပြတာပါ။ ဒီခံစားမှုတွေ လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။ အထူးသဖြင့် ကျောင်းသားကြီးတွေကို ဆရာက "ဟေ့ ..နောက်အပတ်မှာ မင်းတို့ တစ်ယောက်ချင်း Importance of Money ဆိုတဲ့ topic အကြောင်း အတန်းရှေ့ထွက်ပြီး ၅ မိနစ်ကြာပြောရမယ်။ PowerPoint presentation လုပ်ရမှာနော်" လို့ပြောလိုက်တဲ့အခါမျိုးမှာပေါ့။
အဲဒီလိုမျိုး assignment ပေးလိုက်ရင် ကျောင်းသားအများစုဟာ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ ခံစားမှုတွေနဲ့ စိတ်ပူ ရင်တုန် ကြောက်ချွေးတွေရွှဲကုန်ကြပါလေရော။
Presentation တဲ့၊ Oral presentstion တဲ့၊ Individual presentation တဲ့။ ကျောင်းသားအများစု မကြားချင်ကြတဲ့ စကားဖြစ်ပုံရတယ်။ အတန်းရှေ့ လူပုံအလယ် မတ်တတ်ရပ်ပြီး အကြောင်းအရာတစ်ခုကို အင်္ဂလိပ်လို ၅မိနစ်လောက်ထွက်ပြောပြရတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။
တကယ့်လက်တွေ့ဘဝမှာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ presentation နဲ့မကင်းနိုင်ဘဲ နေ့စဉ်လုပ်ဆောင်နေရသူတွေအများသား။ ကျောင်းပညာရေးမှာ အတန်းကြီးသွားတာနဲ့အမျှ Master တန်းကျောင်းသားတွေ၊ MBA ကျောင်းသားတွေ၊ Ph.D. candidate တွေဟာ တချိန်လုံး course work requirements အရ PowerPoint Presentations တွေလုပ်ကြရပါတယ်။ Thesis proposal presentation တို့ Thesis defence တို့ဟာလည်း Presentations တွေပါပဲ။ Professor တွေ lecture ပေးတယ်၊ စာသင်တယ်ဆိုတာလည်း Presentations လုပ်နေတာပါပဲ။ ကုမ္ပဏီအကြီးအကဲ CEO တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ မိန့်ခွန်းပြောတာ၊ speech ပေးတာ၊ public speaking စသည်ဖြင့်အားလုံးဟာ ခြုံငုံကြည့်ရင် presentations လုပ်နေကြတာပဲမဟုတ်ဘူးလား။
ဒီလို အရေးပါလှတဲ့ communication skill တစ်ခုဖြစ်တဲ့ Oral Presentation ကို တက္ကသိုလ်အဆင့်မှာ သေချာစွာထည့်သွင်းပြီး ကျောင်းသားတွေကိုလေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ ကျွန်တော့်သင်ကြားရေးအတွေ့အကြုံအရ သတိပြုမိတာက ဆရာတော်တော်များများက ကျောင်းသားတွေကို presentation လုပ်ဖို့ assignment သာပေးလိုက်ကြတာ၊ presentation ကောင်းကောင်းတစ်ခုလုပ်ဖို့ ဘယ်လိုလေ့ကျင့်ရမယ်၊ ဘာတွေကို မှတ်သားပြင်ဆင်ရမယ်ဆိုတာ မပြောပြကြတော့ ကျောင်းသားတွေခမျာ စမ်းတဝါးဝါးနဲ့ Presentation လို့ကြားလိုက်ရင်ကို ကြောချမ်းသွားတော့တာပါပဲ။
ဒါကြောင့်မို့လို့ ဒီဆောင်းပါးမှာ Oral Presentation အတန်းရှေ့ထွက်ပြီးဟောပြောရာမှာ အထောက်အကူုဖြစ်စေမဲ့ general advice ယေဘူယျအကြံလေးတွေနဲ့အတူ Presentation လုပ်ရာမှာ ပါဝင်တဲ့ အဆင့်အပိုင်းအခြားအလိုက် အသုံးဝင်တဲ့ ဝါကျလေးများကိုပါတင်ပြပေးချင်ပါတယ်။
ကျွန်တော်သင်ကြားပေးနေရတဲ့ ကျောင်းသားတွေဟာ undergradute level နဲ့ graduate school level တွေဖြစ်လို့ BBA ကျောင်းသား၊ MA နဲ့ MBA ကျောင်းသားတွေအပြင် Ph.D. ကျောင်းသားတွေလည်း ပါပါတယ်။ အဲဒီ အဆင့်သုံးခုလုံးက ကျောင်းသားတွေဟာ ဘာသာအရပ်ရပ်မှာ course requirements တွေအရ Presentations တွေလုပ်ကြရပါတယ်။ special project presentation, end-of-the-course presentation, thesis proposal, thesis defence စသည်ဖြင့်ပေါ့။ ကျောင်းသားအများစုကတော့ presentation လုပ်တဲ့အခါမှာ nervous ဖြစ်ပြီး ဆက်ပြောရမှာမေ့တာတွေ အစီအစဉ်မှားပြီးပြောချလိုက်တာမျိုးတွေဖြစ်တတ်ကြလို့ အောက်ပါအချက်လေးတွေကို ကျွန်တော့်ကျောင်းသားတွေကို presentation assignment ပေးတိုင်း အကြံပေး သတိပေးပါတယ်။ အားလုံး ဆယ်ချက်ရှိပါတယ်။
1. Read around the topic and research well.
အကြောင်းအရာနဲ့ ပတ်သက်တာကို စာအစုံရှာဖတ်၊ သုတေသနသေသေချာချာလုပ်ပါ။
2. Prepare well in advance. Have your PowerPoint slides ready.
အနီးကပ်မှထမလုပ်ဘဲ စောစောကြိုတင်ပြင်ဆင်ပါ။ PowerPoint အသင့်ဖြစ်နေပါစေ။
3. Remember every presentation is like telling a story: it has beginning, middle and end.
Presentation လုပ်တာဟာ ပုံပြင်တစ်ပုဒ်ပြောပြရသလိုပါပဲ၊ အစ အလယ် အဆုံး ပါရမယ်။
4. Do not read from a piece of paper. Try to speak off-hand and naturally.
စာရွက်ကြည့်ပြီး မဖတ်ပါနဲ့။ လက်တန်း သဘာဝအတိုင်းပြောဖို့ ကြိုးစားပါ။
5. Your voice has to be loud and clear.
အသံကို ကျယ်ကျယ် ပီပီသသပြောပါ။
6. Don't stand frozen like a statue. Use body language and eye contact.
ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးရပ်မနေပါနဲ့။ လက်ဟန် ခြေဟန်လေးထည့်ပြောပါ၊ ပရိသာတ်ကိုကြည့်ပါ။
7. Smile if necessary.
ပြုံးဖို့လိုရင်ပြုံးပါ။
8. Avoid putting a lot of texts on the PowerPoint slides. List only the main points.
PowerPoint စာမျက်နှာပေါ်မှာ ဝါကျတွေအများကြီးရေးပြတာမျိုးကိုရှောင်ကြဉ်ပါ။ အဓိက အရေးကြီးတဲ့ အချက်တွေကိုသာ စာရင်းတို့ပြပါ။
9. Make sure you know what you are talking about.
ကိုယ်ပြောနေတဲ့ အကြောင်းအရာကို ကိုယ်အသေအချာသိအောင်လုပ်ထားပါ။
10. Breathe, relax and love your topic.
အသက်ရှုပါ၊ သက်တောင့်သက်သာနဲ့ ကိုယ်ပြောတဲ့အကြောင်းအရာကို တကယ်နှစ်သက်နိုင်ပါစေ။
ဒီလိုမျိုး dos and don'ts တွေ အကြံပေးပြီးတဲ့နောက်မှာ တစ်ဆက်တည်း အရေးကြီးတဲ့ ဘယ်presentation ဖြစ်စေ ဘယ်ဘာသာရပ်အတွက်ပြောရာမှာဖြစ်စေ အသုံးဝင်မဲ့ အောက်မှာပေးထားတဲ့ အင်္ဂလိပ်စာဝါကျလေးတွေကိုပါသင်ပေးလိုက်ပါတယ်။
🚩Introductions:
Presentation အစ အဖွင့်မှာ ဒီဝါကျလေးတွေသုံးပါ။
Good morning
afternoon
evening and thank you for coming.
Let me introduce myself. My name is … and I am …
The subject of my presentation today is....
The topic of my talk today is …
Today, in this presentation, I’d like to look at …
🚩Outlining the structure of the talk:
ကိုယ်ပြောမဲ့ အကြောင်းအရာကို အခန်းခွဲပြရာမှာ ဒီလိုဝါကျတွေသုံးပါ။
Today I’m going to ......
I’d like to look at .....
I’d like to consider ......
I'd like to discuss .....
I will talk about three main areas …
I’m going to divide this presentation into three main sections …
First, …
Firstly, …
To start with, …
Second, …
Secondly, …
Next, …
Then …
Following this, …
Third, …
Thirdly, …
Finally, …
Lastly, …
If you have any questions, I’ll be glad to answer them at the end of the presentation.
(ပြောနေတုန်း ပရိသတ်ထဲမှ မေးစရာမေးခွန်းရှိရင် ဟောပြောမှုအပြီးမှာ ဖြေကြားပေးပါ့မယ်။)
🚩Introducing a new point / section:
တစ်ခုပြောပြီးလို့ နောက်အချက်အလက်တစ်ခုကို ဆက်ပြောတော့မယ်လို့ ပရိသာတ်ကိုအသိပေးရင် ဒီဝါကျတွေကိုသုံးပါ။
Moving on now to look at …
consider …
my next point …
Having looked at …, I’d now like to move on to …
Let’s now consider …
🚩Concluding a point / section:
အချက်အလက်တစ်ခုပြောတာပြီးလို့ နိဂုံးချုပ်ရင်
So, you can see that …
To summarize my point, …
🚩Changing focus:
အကြောင်းအရာတစ်ခုမှ သိပ်မဆိုင်လှသော နောက်အကြောင်းအရာတစ်ခုသို့ ပြောင်းတော့မယ်ဆိုရင် ဒီဝါကျတွေကိုသုံးပါ။
Moving away from … to consider …
Let’s now look at a different example.
topic.
subject.
To digress for a moment, …
🚩Introducing an example:
နမူနာပေးချင်ရင် ဒီလိုလေးတွေပြောပါ။
For example, …
For instance, …
To take (just) one example, …
By way of example, think of …
look at
consider
🚩Referring to visual aids:
ပရိသာတ်ကို စာရင်းတွေ၊ ဇယားတွေ ကိန်းဂဏန်းတွေနဲ့တကွရှင်းပြရင် ဒီဝါကျတွေကိုသုံးပါ။
If you look at this OHP
slide
graph
table
picture now, you can see …
To illustrate this point, have a look at this table
chart
diagram
You can see from this chart that .....
table that.....
diagram that …
In this table, it is clear that....
Looking at this chart
diagram you can see …
This graph shows that.....
🚩Concluding and summarizing:
အကျဉ်းချုပ်ပြီ၊ နိဂုံးချုပ် အဆုံးသတ်ပြီ။ ကျေးဇူးတင်စကားပြောပြီ။
In summary, …
In conclusion, …
To summarize, …
To sum up,
To conclude what I’ve been saying …
By way of conclusion, I’d like to …
So, …
I hope this presentation has provided you some useful information.
I hope this presentation has given you some issues to think about.
I believe this presentation has provided you some help with …
I hope this presentation has given you an insight into …
I’d like to conclude by …
Thank you for your attention.
listening.
time.
🚩Inviting questions:
ပရိသာတ်ထဲမှ မေးခွန်းမေးရန် ဖိတ်ခေါ်ပုံ
Now, if anyone has any questions, I’d be pleased to answer them.
Does anyone have any questions?
Do you have any comments?
What questions do you have?
🚩Dealing with questions:
မေးခွန်းတွေကို ပြန်ဖြေပုံ
Perhaps I can answer that by referring to …
looking at …
I’m not quite sure about that, but I’ll think about it and get back to you.
What does everyone else think?
ကဲ... ဒီလောက်ဆိုရင် Presentation လုပ်ရန်အတွက် တော်တော်လေး အထောက်အကူဖြစ်လောက်တယ်လို့ မျှော်လင့်ပါတယ်။ အောင်မြင်သော ဟောနိုင် ပြောနိုင်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျှက်....
With love,
Dr.Soe Than
November 10, 2017
Comments
Post a Comment