စစ် သတင်းမှတ်တမ်း ရုပ်ရှင် (ကြည်ဇော်အေး) Translated by Dr.Soe Than


 စစ် သတင်းမှတ်တမ်း ရုပ်ရှင်

____________________________ ကြည်ဇော်အေး


ဆောင်းဝင်လာပြီ

ညတာရှည်လာပြီ


သေတာကျ စောပြီး

ရှင်ဖို့ကျ တော့ နောက်ကျ ခဲ့တယ်


သူများတွေ တိရိစ္ဆာန်အခွင့်ရေးအကြောင်းပြောဆိုနေချိန်မှာ

ငါတို့က လူ့အခွင့်ရေးအကြောင်းငြင်းခုန်နေကြတုန်းပဲ


သတင်းစာလည်း ယူပေးရတယ်

ကယ်ဆယ်ရေးလည်း လုပ်ရတယ်

စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်ခွေးများလို အနံ့ခံကြ

ထောက်လှမ်းရေးကင်မရာနဲ့ တူတဲ့မျက်လုံးတစ်ဖက်ကို မှိတ်ပြကြ


မတော်တဆ

စိတ်ကောင်းဝင်သွားတဲ့ လေယာဉ်မှူးးဟာ ဗုံးကိုဖြုတ်မချ ခဲ့ဘဲ

နာဂါဆာကီမြို့ပေါ်ကနေ ပြန်လှည့်လာခဲ့တယ်ဆိုပါစို့

ဖြစ်မလား ။


29   9   2017


A War Documentary Film


Winter is setting in.

The nights seem longer.


Death came early

but survival was behind time.


While others are discussing animal rights

we are still arguing about haman rights.


Newspaper has to be fetched.

Rescue work has to be done.

Go sniffing around like those well-trained army dogs,

Blinking that spy-camera-like eye.


Let's say....

The pilot

who was in a good mood for a change,

didn't drop the bomb and turned back over Nagasaki.

How can it be?


Translation: ST

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)