ကလေးထိန်းရင်း English လေ့လာကြမယ် (ထက်ဇော်ထူး)

ကလေးထိန်းရင်း English လေ့လာကြမယ်


အခုရက်ပိုင်း အလုပ်တွေရှုပ်နေပေမဲ့ အလည်ရောက်နေတဲ့တူလေးကိုလည်း babysit လုပ်ဖြစ်ပါတယ်။ ဒီနေ့ babysit နဲ့ ဆိုင်တဲ့ အသုံးလေးတွေ (ကျောင်းမှာတုန်းကသင်ခဲ့ရတာပါ) မှတ်မိသလောက် ပြန်ရေးပေးပါ့မယ်။

👶 bib /bɪb/  က အစားစားတဲ့အခါ အင်္ကျီတွေမလူးမိအောင် သားသား/မီးမီးတို့ရဲ့ မေးစေ့အောက်မှာ ချည်ပေးထားတဲ့ အဝတ် (သို့) ပလတ်စတစ်စလေးပါ။ သွားရည်ခံပေါ့။
your best bib and tucker  ဆိုတဲ့အသုံးလည်း မှတ်ထားပါ၊ "တစ်ယောက်ယောက်ရဲ့ အကောင်းစားအဝတ်အစား" ဆိုပြီး စနောက်ပြောရမှာ သုံးပါတယ်။

👶 burp /bɜːp $ bɜːrp/ ကို 'လေချဉ်တက်တယ်' လို့တော့ သိထားကြပါတယ်။ ကလေးတစ်ယောက်ကို လေချဉ်တက်အောင် သူရဲ့ကျောလေးကို ညင်ညင်သာသာလေးရိုက်ပေးတာကိုလည်း burp လို့ သုံးနိုင်ပါတယ်။ သူရဲ့Synonym က belch/beltʆ/ ပါ။

👶 burst into tears
burst into something ဆိုတဲ့ phrasal verb ရှိပါတယ်။ 'ငိုတာ/ရယ်တာ/သီချင်းဆိုတာ' စတာတွေ လုပ်ရမှာ ရုတ်တရက်အသံစထွက်လိုက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ burst into tears ကတော့ ငိုတော့မလို့ စပြီး 'အဲ့' ဆိုတဲ့ အသံလေးထွက်လာတယ်ပေါ့။
E.g Su Su looked as if she were about to burst into tears. 
       စုစုကြည့်ရတာ စငိုတော့မယ့်အတိုင်းပဲ။

👶 cot /kɒt $ kɑːt/ က  ကလေးအိပ်တဲ့ခုတင်လေးပါ။ crib လို့လည်း သုံးပါတယ်။ US မှာတော့ camp bed (ခေါက်ခုတင်) ဆိုပြီးလည်း သုံးပါတယ်။
cot death ဆိုတဲ့အသုံးလေးလည်း မှတ်ထားပါ။ 'နို့စို့အရွယ်ကလေးလေးတွေ အိပ်နေစဉ် ရုတ်တရက် သေဆုံးသွားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ crib death လည်း အတူတူပါပဲ။

👶 crybaby /ˈkraɪˌbeɪbi/ အကြောင်းတစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ ဂျီကျနေတဲ့ကလေး၊ ငိုနေတဲ့ကလေးလို့ (သဘောမကျတဲ့အခါ) ပြောရာမှာ သုံးပါတယ်။

👶 cuddle /ˈkʌdl/  ကတော့ 'တစ်စုံတစ်ယောက်/တစ်ခုခုကို ပွေ့ဖက်ထားတာ' ပါ။
E.g Lin Lin and her boyfriend are cuddling on the sofa.

cuddle up ဆိုတဲ့ phrasal verb လည်း ရှိပါတယ်။ 'တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုနဲ့ နီးနီးကပ်ကပ် ထိုင်နေတာ/လဲလျောင်းနေတယ်' လို့ အဓိပ္ပါယ်ရပါတယ်။
E.g  The children cuddled up to each other for warmth.

👶 dummy /ˈdʌmi/ ကလေးတွေပါးစပ်ထဲစုပ်တဲ့ ရာဘာနဲ့လုပ်ထားတဲ့ နို့သီးခေါင်းလိုအရာလေးကို dummy လို့ ခေါ်ပါတယ်။ pacifier/ˈpæsfaɪə $ -faɪər/ နဲ့ အဓိပ္ပါယ်အတူတူပါပဲ။

👶 feeding-bottle ကတော့ အားလုံးသိပြီးသားနေမှာပါ၊ နို့ဗူး ပါ။

👶 nappy /ˈnæpi/ ဒီမှာအများစုက diaper လို့ သုံးကြတဲ့ သေးစိုခံပါ။ အခုတော့ disponsible nappy လေးတွေနဲ့ မေမေတို့ အတော့်ကို အဆင်ပြေနေကြပြီလေ။ စိုနေတဲ့ nappy ကြောင့် အရေပြားလေးတွေ စပ်ပြီးနာတာကို nappy rash လို့ သုံးပါတယ်။

ပြောရင်းဆိုရင်းနဲ့ I hear my nephew bursts into tears. What a crybaby!
နောက်နေ့မှဆက်ရေးပေးပါဦးမယ်။

Thanks
HZH

Ref:

Longman Dictionary of Contemporary English, Fifth Edition (LDOCE5) © Pearson Education Limited 2009
Straightforward C1




Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)