အင်္ဂလိပ်ဝေါဟာရ လေ့လာချက် (ဒေါက်တာစိုးသန်း)
အင်္ဂလိပ်ဝေါဟာရ လေ့လာချက်
အရင် ကျွန်တော် ဝေါဟာရစုဆောင်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ vocabulary enrichment အတွက် post တွေအများကြီးရေးပေးခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း vocabulary ဘက်ကိုပြန်လှည့်ကြရအောင်။ကျွန်တော် ဆယ်တန်းကျောင်းသားတုန်းက အင်္ဂလိပ်စာကို ဆိပ်ကမ်းသာလမ်းထဲက ဆရာဦးမြင့်ဆွေထံမှာ ကျုရှင်တက်ခဲ့တယ်။ ဆရာက grammar သင်တော့ human senses အာရုံနဲ့ပတ်သက်တဲ့ "မြင်၊ ကြား၊ နံ့ ၊ သိ၊ ရသာရှိ" to see, to hear, to smell, to know, to taste ဆိုတဲ့ verb တွေကို များသောအားဖြင့် continuous tense မသုံးရဘူးဆိုပြီး လင်္ကာလေးနဲ့ မှတ်မိအောင်သင်ပေးခဲ့တယ်။ ဆရာကြီးကတော့ အဲဒီအချိန်က ဆယ်တန်းကျောင်းသား သိရမဲ့ အတိုင်းအတာကို သင်ပေးခဲ့တာပေါ့။ သို့သော် နောက်ပိုင်းမှာ မိမိဘာသာထပ်ပြီး အသေးစိတ်လေ့လာတော့မှ ဒီ verb တွေကို continuous tense သုံးလို့ရတယ်၊ သို့သော် အဓိပ္ပါယ်သီးသန့်ဖြစ်သွားတတ်တယ်ဆိုတာကို သတိထားမိခဲ့တယ်။ ဥပမာ....
I see her.
ငါ သူ့ကို မြင်တယ်၊ တွေ့တယ်။
(မျက်လုံးနဲ့ ကြည့်လို့မြင်ရတာ)
ဒီလိုဝါကျကို I am seeing her. ငါသူ့ကိုမြင်နေတယ် လို့ English grammar မှာ continuous tense နဲ့မသုံးဘူးတဲ့။
ဒါဆိုရင် I am seeing her. ရဲ့ အဓိပ္ပါယ်ကဘာလဲ။
I am seeing her.= I am having a relationship with her. ဒီမိန်းမနဲ့ ကြိုက်နေတာ၊ ဖြစ်နေတာ၊ ချိန်းတွေ့နေတာ။
I am seeing a doctor.
ငါ ဆရာဝန်တစ်ယောက်နဲ့ ပြနေတယ်။
အလားတူပဲ taste ကိုနမူနာထပ်ကြည့်ပါ။
The cake tastes good.
ကိတ်မုန့် အရသာရှိတယ်၊ စားလို့ကောင်းတယ်။
ဒီဝါကျမှာ taste ကို The cake is tasting good. လို့ continuous ပုံစံနဲ့မသုံးရဘူးတဲ့။ သို့သော်
I am tasting the new wine.
ဝိုင်အသစ် ဘယ်လိုအရသာရှိသလဲသိအောင် မြည်းကြည့်နေတာ လို့တော့သုံးလို့ရတယ်။
အဲဒီလိုမျိုး the same verb ကိုပဲ continuous tense ပုံစံနဲ့ သုံးလို့ရမရ၊ အဓိပ္ပါယ် ဘယ်လိုပြောင်းသွားတတ်တယ်ဆိုတာကို ဥပမာအပြည့်အစုံနဲ့ ပိုင်နိုင်အောင်မှတ်ချင်သူတွေ ဒီ link ထဲမှာဝင်ဖတ်ကြည့်ပါ။
https://www.ecenglish.com/learnenglish/lessons/non-continuous-verbs
အိမ်မှာ Grammar စာအုပ်ကောင်းကောင်းရှိရင်လည်း ရှာဖတ်ကြည့်ပေါ့။
ဒီpost မှာ အဓိကပြောပြချင်တဲ့ Vocabulary ဘက်ကိုပြန်အာရုံစိုက်လိုက်ကြစို့။ အပေါ်မှာ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ human senses တွေ အာရုံငါးပါးနဲ့ အခြားလူရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ Adjective နာမဝိသေသနတချို့ကို မှတ်ထားစေချင်တာပါ။ အားလုံး ၁၄ လုံးစုစည်းပေးထားပါတယ်။ Singapore က ကျောင်းဆရာကြီး Milon Nandy ရဲ့ Mastering English Companion စာအုပ်ထဲမှ ဖတ်ထားတာ ကြိုက်လို့ပြန်မျှဝေပေးတာပါ။ labial, nasal, guttural စတဲ့ adjective တွေကတော့ Phonetics သင်ယူရတဲ့ E major ကျောင်းသားတွေ မသိမဖြစ်သိရမဲ့ စကားလုံးတွေပါ။
1. visual= of sight, seeing (အမြင်အာရုံနှင့်ဆိုင်သော၊ စက္ခုအာရုံ)
2. olfactory= of smelling (အနံ့ နှင့်ဆိုင်သော၊ ဂန္ဓာရုံ)
3. tactile= of the sense of touch (အထိအတွေ့နှင့်ဆိုင်သော၊ ဖောဌဗ္ဗာရုံ)
4. aural= of the organs of hearing (အကြားအာရုံနှင့်ဆိုင်သော၊ သောတာရုံ)
5. labial= of the lips (နှုတ်ခမ်းဆိုင်ရာ၊ နှုတ်ခမ်းဖြစ်သံ၊ သြဋ္ဌဇ)
6. physical= of the body (ကိုယ်ခန္ဓာနှင့်ဆိုင်သော)
7. guttural= formed in the throat (လည်ချောင်းသံ)
8. mental= of or in the mind (စိတ်နှင့်ဆိုင်သော)
9. auditory= of the sense of hearing (အကြားအာရုံနှင့်ဆိုင်သော)
10. oral= of, by, for the mouth (ပါးစပ်၊ နှုတ်ပြော)
11. nasal= of, for, in the nose (နှာခေါင်းနှင့်ဆိုင်သော၊ နာသိက၊ နှာသံပါသော)
12. manual= of or by the hand (လက်မှု သို့မဟုတ် လက်ဖြင့်လုပ်ရသော)
13. dental= of or for the teeth (သွားနှင့်ဆိုင်သော)
14. amatory= of love, relating to sexual desire (ချစ်ခြင်း သို့မဟုတ် တဏှာစိတ်နှင့်သက်ဆိုင်သော)
တစ်နေ့နည်းနည်းနဲ့ ရေရှည်ပုံမှန် ဝီရိယထားပြီး လေ့လာနိုင်ကြပါစေ။
With love,
Dr.Soe Than
May 6, 2018
Comments
Post a Comment