ဖျော်ဖြေခြင်း (ကိုသန်းထွန်း) Trs by Dr.Soe Than
ဖျော်ဖြေခြင်း
- ကိုသန်းထွန်း
စစ်ကားတွေကြည့်ရင်း
အရှင်လတ်လတ် စစ်သားတွေဖြစ်ကြရ
တချို့ သူရဲကောင်းဆန်စွာ
သို့သော် … လူမဆန်စွာ။
စစ်ကားပြီးချိန်
ပွဲကြည့်သူအများစု အတုံးအရုံးသေဆုံးကျန်ရစ်ကြ
သူရဲကောင်းတချို့သာ
ဒဏ်ရာဗရပွဖြင့် အိမ်ပြန်သွားကြ။
entertainment
while watching war movies
they became soldiers full of life.
some acted quite heroically,
albeit inhumanely.
at the end of war movies
most of the movie watchers were killed in action.
only a few heroes
went home with heavy injuries.
Translation: Soe Than
Comments
Post a Comment