အမေးအဖြေ (ဆရာဒေါက်တာစိုးသန်း)

Question:

ဆရာရေ ဆောင်းတွင်းရောက်လာတော့

ကိုယ်လက်မအီမသာဖြစ်နေတယ်

ညောင်းညာကိုက်ခဲနေတယ်
အသားတွေလည်းပတ် နှုတ်ခမ်းတွေလည်းကွဲနေတယ်
ခံတွင်းလည်းပျက်နေတယ်
မနက်ဆို ထုံကျဉ်​ကိုက်​ခဲ နေတယ် ဆရာ
ဆေးနည်းမေးတာမဟုတ်ပါဘူး ဆရာ
အဲ့တာလေးတွေ အင်္ဂလိပ်လို သိချင်လို့ပါဆရာ ကျေးဇူးတင်ပါတယ် ဆရာ

Answer:

I am feeling under the weather.

နေလို့ထိုင်လို့မကောင်း၊ ကိုယ်လက်မအီမသာဖြစ်နေတယ်။

(to feel under the weather ဆိုတဲ့ အသုံးကို အလွတ်မှတ်ပါ။ နေ့စဉ် အသုံးဝင်တဲ့ usage)

I am feeling stiff and achy.

ညောင်းညာကိုက်ခဲနေတယ်။

My skin and lips crack in the cold weather.

ရာသီဥတုအေးလို့ အသားပတ်၊ နှုတ်ခမ်းတွေကွဲတယ်။

dry cracked skin အသားပတ်တာ

cracked lips နဲ့ chapped lips , dry lips နှုတ်ခမ်းတွေ ခြောက်ပြီး ကွဲတာ

I've lost my appetite.

ခံတွင်းပျက်နေတယ်။ (appetite အက်ပီတိုက်..လို့ အသံထွက်ပါ)

(to lose one's appetite ဆိုတဲ့ အသုံး အလွတ်ရထားသင့်ပါတယ်။)

I am feeling numb all over in the morning.

OR

My whole body went numb with cold in the morning.

မနက်ဆို တစ်ကိုယ်လုံးထုံကျဉ်ကိုက်ခဲနေတယ်။။

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)