စပ်စုစိန် (ဒေါက်တာစိုးသန်း)

စပ်စုစိန်


nose ဆိုတာ နှာခေါင်း အားလုံးသိကြတယ်။

ဒါပေမဲ့ သူ့ရဲ့ adjective "nosy" (nosey လို့လည်း ပေါင်းတယ်) က ဘာ့ကြောင့် "စပ်စုသော၊ အကုန်သိချင်သော" ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားရတာလဲ...တဲ့

to poke one's nose in someone else's business သူများကိစ္စတွေမှာ ကိုယ်နဲ့ မဆိုင်ဘဲ ဝင်ပါ ဝင်ရှုတ် ဝင်ပတ်သက်တယ်ဆိုတဲ့ idiom ကို သိထားရင် အဖြေထွက်ပါတယ်။

I hate nosy neighbours.
သိပ်စပ်စုတဲ့ အိမ်နီးချင်းတွေ မကြိုက်ပါဘူး။

Stop poking your nose in others' business.
သူများကိစ္စတွေထဲ မင်းဝင်ဝင်မပါပါနဲ့။

Could you please not poke your nose in my business? Go mind your own business.
မင်း ငါ့ကိစ္စထဲ ဝင်ဝင်မရှုပ်ပါနဲ့လား။ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်ပါ။


nosy parker ကို ဒါ့ကြောင့် အင်္ဂလိပ်တွေက "စပ်စုစိန်" ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးကြတာ။ ပါလေရာ ငါးပိချက်ပေါ့။

With love,
Dr.Soe Than
August 16, 2018

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)