"in case" နဲ့ "in case of" ဘယ်လိုကွာပါသလဲ... (ဒေါက်တာစိုးသန်း)
"in case" နဲ့ "in case of" ဘယ်လိုကွာပါသလဲ...
grammar မေးခွန်းလေးတစ်ခုပါ။
in case ဟာ conjunction
in case of ဟာ prepositional phrase ပါ။
🌶in case ဆိုတာ တစ်ခုခုဖြစ်များဖြစ်လာခဲ့ရင်လို့ ကြိုတွေးပြီးစိုးရိမ်ပူပန်လို့ ကိုယ့်ဘက်က တစ်ခုခုကြိုတင်ကာကွယ်တဲ့အနေနဲ့လုပ်ထားတာ။
- I will go and buy some more food in case some guests come.
ဧည့်သည်တွေများရောက်လာခဲ့ရင် အဆင်သင့်ဖြစ်နေအောင် စားစရာသွားထပ်ဝယ်မယ်။ (လာ မလာ မသေချာ၊ လာခဲ့သည်ရှိသော် အဆင်သင့်ဖြစ်အောင်)
- I am taking an umbrella in case it rains.
မိုးများရွာခဲ့ရင်လို့ စိတ်ပူလို့ ငါထီးယူလာတာ။
- Take a hat in case it is sunny.
နေပူနေလိမ့်မယ် ဦးထုပ်ယူသွား။
- Take some cash with you in case they do not accept credit cards.
အဲဒီဈေးဆိုင်တွေက credit card များလက်မခံခဲ့ရင် သုံးလို့ရအောင် ပိုက်ဆံယူသွားပါ။
🌶in case of ရဲ့ အဓိပ္ပါယ်ကတော့ If နဲ့ဆင်ပါတယ်။ တစ်ခုခုအရေးကြုံ ဖြစ်ခဲ့လျှင်...လို့ဆိုတာပါ။
- In case of fire, do not use the lift.
မီးလောင်မှုဖြစ်ပွားခဲ့လျှင် ဓာတ်လှေကားကိုအသုံးမပြုရ။
- In case of emergency, call 122.
အရေးပေါ်ကိစ္စဖြစ်လျှင် ၁၂၂သို့ဖုန်းဆက်ပါ။
- Just give me a call in case of any trouble.
ဘာပြဿနာရှိရှိ ကျွန်တော့သာ ဖုန်းဆက်လိုက်ပါ။
With love,
Dr.Soe Than
Comments
Post a Comment