Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၇) (Htet Zaw Htoo)
Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၇)
1. Don't like a red rag to a bull.
ငါ့ဒေါသကိုလာမဆွနဲ့နော်။
2.No can do.
မင်းခိုင်းတာကို လုပ်ပေးဖို့ မဖြစ်နိုင်ဘူး။
"Sorry, Ko Zaw, no can do."
ဆောရီး ကိုဇော်ရာ၊ မင်းခိုင်းတာကို ငါလုပ်ပေးဖို့မဖြစ်နိုင်ဘူး။
3. can it!
ပါးစပ်ပိတ်ပေးပါ၊ မဆူကြပါနဲ့။
4. Let sleeping dogs lie.
ပြောမနေနဲ့၊ ပြဿနာတက်ကုန်မှာစိုးလို့။
5. Don’t make me laugh!
ဟာသလာမလုပ်နဲ့နော်။ (တစ်ယောက်ယောက်က မမှန်တဲ့အရာတစ်ခုခုပြောတဲ့အခါ/ မဖြစ်နိုင်တဲ့အရာတစ်ခုကို တောင်းဆိုတဲ့အခါ ခွန်းတုံ့ပြန်ပြောဖို့သုံးသည်)
"Please give me I-phone 11 pro max as a birthday present."
မွေးနေ့လက်ဆောင်ကို I-phone 11 pro max လေး ဝယ်ပေးပါလား။
"Don't make me laugh!"
ဟာသလာမလုပ်နဲ့နော်။
6. You will be laughing on the other side of your face.
မင်းတော့အရယ်သန်နေတယ်ဟေ့၊ မကြာခင်ငိုရတော့မလားပဲ။
7. My lips are sealed!
စိတ်ချ၊ (လျှို့ဝှက်ချက်ကို) ဘယ်သူ့မှမပြောဘူး။
8. Let's walk it.
ကဲ ကုန်းကြောင်းလျှောက်ကြစို့။
9. The sky’s the limit.
ကြိုးစားပါ၊ အောင်မြင်မှုက အဆုံးမရှိ။
10. I’ll knock your head/block of.
ခေါင်းခေါက်လိုက်ရ၊ ငါရိုက်လိုက်ရ။
If you say that again, I’ll knock your head off!
မင်း အဲ့တာကိုထပ်ပြောလို့ကတော့ ရိုက်ပစ်လိုက်မယ်။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment