Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၁၀) (Htet Zaw Htoo)

Speaking မှာထည့်ပြောဖို့အသုံးလေးတွေ (၁၀)

1. I don’t know how to thank you/repay you.
ကျေးဇူးတင်လိုက်တာ။

2. (just) you wait!
မင်း စောင့်ကြည့်ထားပေါ့ကွာ၊ (ထမင်းဝအောင်စားထားဆိုတဲ့ ခြိမ်းခြောက်စကားကဲ့သို့)

3. Life is hard at times.
ဘဝက တခါတလေတော့ ခက်ခဲကြမ်းတမ်းတယ်ကွာ။

4. It’s just a question of time.
တချိန်ချိန်တော့ ဖြစ်မှာပါ။

"I have to search the key I've lost."
ပျောက်နေတဲ့သော့ ရှာရမယ်။
"It’s just a question of time."
တချိန်ချိန်တော့ တွေ့မှာပါ။

5. Quick! 
မြန်မြန်လုပ်ပါဟ၊ သွက်သွက်လုပ်ပါဟ။

"Quick! We’ll miss the bus!"
သွက်သွက်လုပ်၊ ကားမမီဘဲနေမယ်။

6. I’d hate you to go.
မင်းကို မသွားစေချင်ဘူး။
(I'd hate (for) somebody to do something က သူများကို တစ်ခုခုမလုပ်စေချင်တာ)

7.  I hate to ask
ပြောရတာအားနာပေမယ့်လေ

"I hate to ask you this, but would you mind giving me a lift home?"
​ပြောရတာအားနာပေမယ့်လေ၊ ငါ့ကို အိမ်ပြန်ဖို့ လမ်းကြုံလေးခေါ်ပေးနိုင်မလား။

8. I hate to interrupt 
(စကား) ဖြတ်ပြောရတာအားနာပေမယ့်လေ

"I hate to interrupt, but it’s urgent."
ဖြတ်ပြောရတာအားနာပေမယ့် တကယ်အရေးကြီးနေလို့ပါနော်။

9. Wrap up warm.
အင်္ကျီထူထူဝတ်နော်။

10. I'm on cloud nine.
ငါ တအားပျော်တယ်ဟေ့။

Apply them.
Thx
HZH

Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)