Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၅) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၅)
1. Don’t be soft – just jump!
သတ္တိမနည်းစမ်းပါနဲ့၊ ခုန်သာခုန်လိုက်ပါ။
2. No sooner said than done.
ချက်ချင်းလုပ်လိုက်ပါမယ်။
3. Don’t be sore at me – I just forgot to tell you.
ငါ့ကိုစိတ်မဆိုးပါနဲ့နော်၊ ငါပြောဖို့မေ့သွားတာပါ။
4. Khin Khin is the very soul of discretion.
ခင်ခင်က နှုတ်လုံတယ်။
5. The baby is sound asleep.
ကလေးက အိပ်မောကျနေတယ်။
6.That’s a really neat idea.
အကြံကောင်းပဲ။
7. need I ask/need I say more/need I go on etc?
ရှင်းနေပြီ ဆက်ပြောဖို့တောင်မလိုတော့ဘူး။
`She’s lazy, slow, and stubborn.´
သူက ပျင်းတယ်၊လေးတယ်၊ ခေါင်းကမာသေးတာ။
`Need I say more?´
ရှင်းနေပါပြီ၊ ဆက်ပြောစရာတောင်မလိုတော့ဘူး။
8. There’s no need for you to come if you don’t want to.
မလာချင်ရင် လာဖို့မလိုဘူးနော်။
9. needs must (when the devil drives).
မဖြစ်မနေဆိုရင် မကြိုက်လည်းလုပ်ရတယ်။
`It's not the most comfortable way to travel, but needs must.´
ခရီးသွားဖို့အကောင်းဆုံးနည်းလမ်းမဟုတ်သော်လည်း မဖြစ်မနေဆိုတော့လည်း လုပ်ရမှာပဲ။
10. Finding out which moive you want can be like looking for a needle in a haystack.
မင်းကြည့်ချင်တဲ့ဇာတ်ကားကလေ ရှာတွေ့ဖို့မဖြစ်နိုင်ဘူး။ (ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလိုပဲ)
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment