Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၆) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၅၆)

1. It’ll be quicker to go by train.
ရထားစီးသွားရင် ပိုမြန်လိမ့်မယ်။
2. It’s late! I must get going.
နောက်ကျနေပြီ၊ ငါသွားရတော့မယ်။
3. Zaw Zaw’s gone and lost the keys!
ဇော်ဇော်ကတော့ သော့တွေ ပျောက်သွားပြီတဲ့။
4. I don’t know where all my money goes!
ငါ ပိုက်ဆံတွေ ဘယ်မှာသုံးလဲ မသိတော့ဘူး။
5. The hotel is no go for dogs.
ဟိုတယ်က ခွေးခေါ်ခွင့်မရှိဘူး၊ ခွင့်မပြုဘူး။
6. like magic/as if by magic
ထူးဆန်းစွာပဲ၊ အံ့သြရလောက်အောင်။
As if by magic the waiter suddenly appeared with a tray of drinks.
ထူးဆန်းစွာနဲ့ပဲ စားပွဲထိုးက သောက်စရာလင်ပန်းကြီးကိုင်ပြီး ရုတ်တရက်ပေါ်လာတယ်။
7. If you need repairs done in the house, Ko Aung’s your man.
မင်း အိမ်ပြင်ဖို့လိုနေပြီဆိုရင်တော့ ကိုအောင်က အသင့်တော်ဆုံးပဲ။
8. Kyaw Kyaw, my man! How’s it going?
ကျော်ကျော် ငါ့ကောင်ကြီး၊ အဆင်ပြေလားဟေ့။
9. I’ve been studying all day. I’m beat!
တနေ့လုံးစာလုပ်နေတာ၊ ပင်ပန်းနေပြီ။
10. ‘Can you give me a ride to work tomorrow?’
မနက်ဖြန်အလုပ်သွားရင် ငါ့ကို ဝင်ခေါ်ပေးဦး၊ ကားကြုံစီးဦးမယ်။
‘Sure.’
ရတယ်လေ၊ ခေါ်မယ်။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)