Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၆) (HZH)

Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၆)

1. I paid good money for something.
တစ်ခုခုအတွက် ပိုက်ဆံအများကြီးပေးထားရတာ။

"I paid good money for the sofa."
ဆိုဖာထိုင်ခုံအတွက် ပိုက်ဆံအများကြီးပေးထားရတာ။

2. I’m not made of money.
စိုက်ပြီးမပေးနိုင်ပါဘူးဗျာ။ (မတတ်နိုင်ဘူး)

3. Money is no object.
ပိုက်ဆံအတွက်က မပူနဲ့၊ ရတယ်။ လုပ်ချင်တာကို လုပ်လိုက်။

4. For my money, he’s one of the best TV comedians ever.
ငါလုံးဝယုံကြည်ထားတာတော့ သူက အတော်ဆုံးလူရွှင်တော်တွေထဲကတစ်ယောက်ပဲ။

5. Money talks!
လူချမ်းသာတွေများ သူတို့လုပ်ချင်တာလုပ်လို့ရ၊ လိုချင်တာ ရကြတယ်။

6. There’s no point in crying for the moon.
မဖြစ်နိုင်တဲ့အရာကိုတောင်းဆိုနေလို့ အကျိုးမရှိဘူး။

7. Search me! 
ငါမသိဘူး။

‘Where is she?’ 
သူ(မ) ဘယ်မှာလဲ။
‘Search me!’
မသိဘူးဗျ။

8. That is kid stuff!
အလွယ်လေးပါကွာ။

9. and all that jazz
အဲ့လိုအရာတွေ၊ ကိစ္စတွေ၊ အလုပ်တွေ။

`I’m fed up with work, meetings, and all that jazz.´
အလုပ်၊ အစည်းအဝေးတွေ ပြီးတော့အဲ့လိုအလုပ်မျိုးတွေကို ငါငြီးငွေ့နေပြီ။

10. Behave yourself or I’ll give you a thick ear!
ကောင်းကောင်းနေနော်၊ မဟုတ်လို့ကတော့ နားပန်ကျင်းလိုက်မယ်။ (နားရင်းအုပ်လိုက်မယ်)

Apply them.
Thx 
HZH

Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)