Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၈) (HZH)
Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၄၈)
1. I have my hands full.
အလုပ်တအားများနေတာ။
2. The new film is hot stuff.
ရုပ်ရှင်အသစ်က သိပ်ကောင်းတာပဲ။
3. I’m not feeling too hot today.
ဒီနေ့ နေသိပ်မကောင်းဘူး။
4. There are a few new faces in class this year.
ဒီနှစ် အတန်းထဲမှာ မျက်နှာသစ်ကျောင်းသား နည်းနည်းရှိတယ်။
5. I got a fail in history.
ငါ သမိုင်းဘာသာရပ်မှာ ကျတယ်။
6. by fair means or foul
ဘာနည်းပဲသုံးရသုံးရ၊ (လိုချင်တာရဖို့ မသမာတဲ့နည်းလမ်းကို သုံးဆိုရင်လည်း သုံးမယ်)
e.g. He always tries to get what he wants by fair means of foul.
သူကတော့ လိုချင်တာရဖို့ဆို ဘယ်လိုနည်းနဲ့မဆို သုံးပြီး ကြိုးစားတာ။
7. All’s fair in love and war.
(တချို့အခြေအနေတွေမှာ) လိုချင်တာရဖို့ ဘယ်နည်းပဲသုံးသုံး လက်ခံလို့ရပါတယ်။ တရားမျှတတယ်။
e.g. "I had to use his computer in his absence. I'm not sure if he likes it or not."
သူမရှိတုန်း ငါ သူ့ကွန်ပျူတာသုံးလိုက်ရတယ်။ သူ ကြိုက် မကြိုက်တဲ့ မသိဘူး။
"All's fair in love and war."
လိုအပ်လို့လုပ်တာပဲ၊ တရားပါတယ်။
8. fair enough
ထောက်ခံတယ်၊ ကောင်းပြီ။
e.g. `I think we should split the bill.’
ကုန်ကျငွေကို မျှခံသင့်တယ်လို့ ထင်တယ်။
‘Fair enough.´
ထောက်ခံတယ်၊ လုပ်ကြစို့။
9. fair’s fair
မျှမျှတတလုပ်တာပေါ့။
e.g. Come on, fair’s fair – I paid last time so it’s your turn.
လုပ်ပါ၊ မျှမျှတတလုပ်ကြတာပေါ့၊ အရင်တခါက ငါရှင်းတာဆိုတော့ ဒီတစ်ခါ မင်းအလှည့်။
10. It’s as easy as falling off a log.
လွယ်လွယ်လေးပါ။
Apply them.
Thx
HZH
Ref:
LDOCE 5
Comments
Post a Comment