Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၆) (HZH)

 Speaking မှာထည့်ပြောနိုင်တဲ့အသုံးလေးတွေ (၇၆)

1. All I’m saying is that it might be better to wait a while.
ငါဆိုလိုတာက ခဏစောင့်လိုက်ရင် ပိုကောင်းမယ်လို့ ပြောတာပါ။
2. The shops close at six.
ဆိုင်တွေက (၆) နာရီဆို ပိတ်တာ။
3. Come a little closer, so you can see better.
ရှေ့နည်းနည်းတိုးပါ၊ ဒါမှ မင်း ကောင်းကောင်းမြင်ရမှာ။
4. My brother and I are very close.
ငါ့အစ်ကိုနဲ့ငါက သိပ်ချစ်ကြတာ။
5. Don’t worry, I’ll keep a close eye on the kids.
စိတ်မပူပါနဲ့ကွာ၊ ငါ ကလေးတွေကို သေသေချာချာ ကြည့်ထားပါ့မယ်။
6. It's a dead-end job.
အဲ့တာက တက်လမ်းမရှိတဲ့ အလုပ်ပါကွာ၊ (လစာကနည်း၊ တက်လမ်းကမရှိ)
7. It’s no joke bringing up a child on your own.
ကလေးတစ်ယောက်ကို မင်းတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးတယ်ဆိုတာ ဟာသမဟုတ်ဘူး၊ လွယ်တဲ့အလုပ်မဟုတ်ဘူး။
8. She wept for joy.
သူ(မ) ဝမ်းသာလွန်းလို့ ငိုခဲ့တယ်။
9. You should never judge a person by their looks.
မင်း လူတစ်ယောက်ကို သူတို့ရဲ့ အပေါ်ယံ ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး ဘယ်တော့မှ ကောင်း၏၊ ဆိုး၏ မဆုံးဖြတ်သင့်ဘူး။
10. Don’t shout. I nearly jumped out of my skin.
မအော်ပါနဲ့ဟ၊ ငါဖြင့် ထိတ်သွားတာပဲ။
Apply them.
Thx
HZH
Ref:
LDOCE 5

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)