လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၃) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၁၃)

 Needn’t have (done)

‘တစ်ခုခုဖြစ်မယ်ထင်လို့ လိုအပ်ရင်သုံးဖို့ယူသွားတဲ့အရာတစ်ခုဟာ ထင်တဲ့အတိုင်း(ထိုအရာက) ဖြစ်မလာတဲ့အခါ မလိုအပ်တော့ဘူးဆိုရင်’ needn’t have (done) ကို သုံးပြီး ဖော်ပြပြောဆိုနိုင်တယ်။

Ko Zaw had to go out. He thought it was going to rain, so he took the umbrella.

ကိုဇော် အပြင်ကိုထွက်ရတယ်၊ သူက မိုးရွာမယ်လို့ထင်တယ်၊ ဒါကြောင့် ထီးယူသွားတယ်။

But it didn’t rain, so the umbrella was not necessary. So he needn’t have taken it.

ဒါပေမယ့် မိုးကမရွာခဲ့ဘူး၊ ဒါကြောင့် ထီးကမလိုတော့ဘူး၊ ဒါကြောင့် သူ ထင်သလို ထီးကို မလိုအပ်ခဲ့ဘူး။

‘လိုအပ်မယ်ထင်လို့လုပ်လိုက်တဲ့တစ်ခုခုဟာ တကယ်တမ်းမလိုအပ်ခဲ့ရင်’ needn’t have (done) ကို သုံးပြီး ဖော်ပြပြောဆိုနိုင်တယ်။

needn’t (do) ကိုတော့ ‘တစ်ခုခုကိုလုပ်ဖို့မလိုဘူး’ လို့ ဖော်ပြပြောဆိုရာမှာ သုံးပါတယ်။

ယှဉ်ကြည့်ရအောင်။

Everything will be OK. You needn’t worry.

အားလုံး အဆင်ပြေသွားလိမ့်မယ်၊ မင်း စိုးရိမ်ဖို့ မလိုဘူး။

Everything was be OK. You needn’t have worried.

အားလုံး အဆင်ပြေခဲ့တယ်၊ (မင်းတွေးပူခဲ့သလို) ပူနေဖို့မလိုဘူး။

ဒီတခါ didn’t need to (do) နဲ့ needn’t have (done) ကို ယှဉ်ကြည့်ရအောင်။

‘တစ်ခုခုကို လုပ်ဖို့မလိုဘူးဆိုတာသိတယ်၊ ဒါကြောင့် မလုပ်ဘူးဆိုရင်’ didn’t need to (do) ကို အသုံးပြုပြီး ဖော်ပြပြောဆိုနိုင်တယ်။

I didn’t need to get up early, so I didn’t.

ငါ အိပ်ရာစောစောထဖို့မလိုဘူး၊ ဒါကြောင့် စောစောမထခဲ့ဘူး။

‘လုပ်ဖို့မလိုဘူးဆိုတာသိပေမယ့် ကိုယ်ဆန္ဒရှိလို့ လုပ်လိုက်တယ်ဆိုရင်’ လည်း didn’t need to (do) ကို သုံးနိုင်တယ်။

I didn’t need to get up early, but it was a lovely morning, so I did.

မနက်စောစောထဖို့ မလိုဘူး (ငါသိတယ်) ဒါပေမယ့် မနက်ခင်းလေးက သာယာတော့ ငါ စောစောထခဲ့တယ်။

‘တစ်ခုခုကိုလိုမယ်ထင်လို့ လုပ်လိုက်တယ်၊ (လုပ်ဖို့မလိုဘူးဆိုတာမသိလို့ လုပ်လိုက်တာ) အခုတော့ လုပ်ဖို့မလိုဘူးဆိုတာသိသွားပြီဆိုရင်’ needn’t have (done) ကို သုံးနိုင်တယ်။

I got up very early because I had to get ready to go away.

ခရီးသွားရမှာမို့ အဆင်သင့်ဖြစ်နေအောင် အိပ်ရာအစောကြီး ထခဲ့တယ်။

But in fact it didn’t take me long to get ready.

ဒါပေမယ့် တကယ်တမ်းကျ အဆင်သင့်အောင်ပြင်ဆင်ချိန်က သိပ်မကြာလိုက်ဘူး။

So, I needn’t have got up so early.

ဒါကြောင့် အိပ်ရာအစောကြီးထမိလိုက်ပေမယ့် တကယ်တမ်း မလိုခဲ့ဘူး။

 

Apply them.

Thx

HZH

Ref:

Unit 32

English Grammar in Use by Raymond Murphy



Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အင်္ဂလိပ်မှ မြန်မာသို့ တိုက်ရိုက်ဖလှယ်နိုင်သည့် Idiom အသုံးကောင်းလေးများ (၁) (ဒေါက်တာစိုးသန်း)