အတွေးနဲ့အရေး အပတ်စဉ် (၃) ဒေါက်တာစိုးသန်း
အတွေးနဲ့အရေး အပတ်စဉ် (၃) အတွေးနဲ့အရေး - Writing Practice (3) စနေနေ့တိုင်း ပုံမှန်သင်ပေးမယ်လို့ပြောထားတဲ့ Sentence Writing Practice အတွက် ဝါကျဆယ်ကြောင်းပေးထားပါတယ်။ ကြိုးစားပြီးရေးကြည့်ကြပါ။ မနက်ဖြန် အင်္ဂလိပ်လိုဝါကျတွေ Keys ပြန်တင်ပေးရင် ကိုယ်ရေးထားတာနဲ့ ပြန်တိုက်ကြည့်ကြပါ။ 1. သူ့အဆိုအရတော့ သူဟာတော်တော်ချမ်းသာတယ်ဆိုပဲ။ 2. သူ့ရဲ့ ဝတ္ထုဟာ လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံရှိ ဘဝကို အတိအကျပုံဖော်ထားခြင်းဖြစ်တယ်။ 3. မင်း ဒါမျိုး အခြေအမြစ်မရှိ စွပ်စွဲတာမျိုးတွေ လုပ်လို့မရဘူး။ 4. သူဟာ သူ့ရဲ့ပညာရပ်နယ်ပယ်မှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး (ပညာအဆင့်နဲ့) လိုက်ဖက်ညီထွေဖြစ်အောင် လခပေးထားတယ်။ 5. အားလုံး စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားခဲ့ရဲ့လား။ 6. သူဟာ ကျောင်းမှာ ABC (ကကြီး ခခွေး) သင်ယူနေတယ်။ 7. ဆရာက တော်တော်စည်းကမ်းတင်းကြပ်ပြီး မျက်နှာထားလည်းတင်းတယ်။ 8. သို့သော် တကယ့်အရင်းခံက သူ စိတ်ကောင်းရှိပါတယ်။ 9. မိုးစဲစပြုပြီ။ 10. ဆရာဟာ မြန်မာ၊ ဒါပေမဲ့ အင်္ဂလိပ်စကားကို (အပြစ်ပြောစရာမရှိ) စင်းလုံးချော ဗြိတိသျှလေသံနဲ့ပြောနိုင်တယ်။ အင်္ဂလိပ်လိုရေးရာမှာ မှားမှာကိုမကြောက်ပါနဲ့။ ပေးထားတဲ့ ဝါကျကို သေသေချာချာဖတ...