Worth, Worthwile, Worthy ဘယ်လိုအသုံးကွာကြသလဲ (ဒေါက်တာစိုးသန်း)
Worth, Worthwile, Worthy ဘယ်လိုအသုံးကွာကြသလဲ စာသင်ရင်းနဲ့ သတိပြုမိတာ ကျာင်းသားကြီးတွေတချို့တောင် worth, worthwhile နဲ့ worthy စသည့် adjectives တွေကို မှန်အောင်မသုံးနိုင်တာတွေ့ရတယ်။ တချို့ကလည်း ဒီစကားလုံးတွေကို synonyms တွေလို့ အထင်မှားနေကြပုံရတယ်။ Dictionary သေသေချာချာမကြည့်ဘဲ ခပ်ပေါ့ပေါ့မှတ်တတ်ကြတဲ့ အကျင့်ကြောင့်ဖြစ်မှာပါ။ ဒီစကားလုံးလေးတွေဟာ အသုံးများလို့ ခဏခဏတွေ့နေရမဲ့ စကားလုံးလေးတွေ။ သူတို့ရဲ့ အသုံးလေးတွေကို မှန်ကန်စွာသိကြစေချင်လို့ နမူနာဝါကျပေါင်းများစွာနဲ့ ဒီPostမှာ ရှင်းပြပါ့မယ်။ 1. worth, 2. worthwhile နဲ့ 3. worthy ဆိုပြီး အမှတ်စဉ်နဲ့ တင်ပြပါ့မယ်။ 1. Worth worth ဟာ Adjective ဆိုရင် - အဖိုးမည်မျှထိုက်တန်သော၊ ကြွယ်ဝချမ်းသာသော လို့ အဓိပ္ပါယ်နှစ်မျိုးရှိတယ်။ worth ဟာ Noun ဆိုရင် - တန်ဖိုး၊ အဖိုးငွေပမာဏ။ worthless (Adjective) ကတော့ သုံးမရသော၊ အသုံးမကျသော ကဲ ... နမူနာဝါကျလေးတွေဖတ်ပါ၊ မှတ်ပါ။ 📍This condo is worth 9 million Kyats. ဒီကွန်ဒိုဟာ ကျပ်၉သန်းတန်တယ်။ 📍How much is this car worth? ဒီကားဟာ ဘယ်လောက်တန်သလဲ။ ...