Posts

Showing posts from April, 2018

တော်တော်ဦးနှောက်စားတယ် (ဒေါက်တာစိုးသန်း)

တော်တော်ဦးနှောက်စားတယ် လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော် "ဦးနှောက်စားပါရစေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ကတ်သီးကတ်သတ် မေးခွန်းလေးတွေကို quiz game ပုံစံလေးနဲ့ ဒီမှာရေးပေးဖူးခဲ့ပါတယ်။ အဲဒီအမေးအဖြေလေးတွေကို "ဗိုက်တာမင် ဆောင်းပါးများ" နဲ့ "ချစ်လို့ရေးတာ ဖတ်ပါ" စာအုပ်တွေထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ခဲရာခဲဆစ် ဦးနှောက်စားစေတဲ့ ဉာဏ်စမ်းမေးခွန်းလေးတွေကို brain teaser လို့ခေါ်ပါတယ်။ tease ဆိုတာ ကျီစယ်တာ၊ စတာ ဆိုတော့ brain teaser ဆိုတာ ဦးနှောက်ကို အလုပ်ပေးတဲ့ မေးခွန်းပေါ့။ အဲဒီရေးခဲ့တာလေးတွေ သတိရမိလို့ brain အကြောင်း အင်္ဂလိပ်စကားလုံး အသုံးအနှုန်းတွေအကြောင်း ဆက်ပြီးအတွေးနယ်ချဲ့မိတာပါ။ ကိုယ်တွေမြန်မာစကားမှာ "ဦးနှောက်ခြောက်တယ်၊ ဦးနှောက်စားတယ်၊ပုဇွန်ဦးနှောက်၊ ဖြုတ်ဦးနှောက်နဲ့လူ" စသည်ဖြင့်အသုံးတွေရှိသလိုပဲ အင်္ဂလိပ်စကားမှာလည်း brain ကိုသုံးထားတဲ့ usage တွေအများကြီးရှိပါတယ်။ အဲဒီများစွာသော အသုံးတွေထဲမှ အသုံးများလို့ သိထားသင့်တဲ့ common expressionတွေ၊ စကားလုံးလေးတွေကို ကောင်းတာနဲ့ ဆိုးတာ၊ positive sense နဲ့ negative sense ဆိုပြီး အုပ်စု န

Can,Could,Be able to, Be allowed to တို့ကိုနှိုင်းယှဉ်ကြည့်ခြင်း (HZH)

Image
Can vs Could vs Be able to vs Be allowed to Can, could, be able to ကို ability (ကိုယ်လုပ်နိုင်တဲ့အရာတစ်ခုအကြောင်း ပြောတဲ့အခါ) သုံးလို့ရတယ်။ A. be able to ကို can/could အစားသုံးလို့ရပါတယ်။ ဒါပေမဲ့ သူ့ကို မသုံးရမယ့် အခြေအနေတွေရှိတယ်။ 👉 when we talk about something that is happening as we speak:       ကျွန်တော်တို့ပြောသလို ဖြစ်နေတဲ့အရာတွေအကြောင်း ပြောတဲ့အခါ e.g Watch me, Sister; I can stand on one leg.      ❌ I am able to stand 👉 before passive Passive ရဲ့ရှေ့မှာလည်း သုံးလို့မရဘူး။ ( be able to သုံးတာထက် ပိုကောင်းတယ်) e.g CDs can now be copied easily. ❌ CDs are now able to be copied 👉 when the meaning 'know how to':       တစ်ခုခုကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပြောတဲ့အခါ e.g Can you cook?     ❌ Are you able to cook? B. If we talk about a single achievement, rather than a general ability in the past, we usually use 'be able to' rather than 'could'. အတိတ်ကာလမှာ တစ်ခုခုလုပ်နိုင်တယ်ဆိုတာကို general ability ဆိုတာထက် specif

sometime vs sometimes vs some time (ဒေါက်တာစိုးသန်း)

ကျောင်းသားတွေ မှားတတ်တာလေးတစ်ခု စကားပြောမှာ မသိသာပေမဲ့ ချရေးလိုက်ရင် မှားမှားပြီးသုံးနေကြတာတွေ့ရတယ်။ သူတို့ကိုယ်တိုင်က ဒီစကားလုံးလေးတွေ grammar အရ ဘယ်လိုကွာခြားတယ်ဆိုတာ မသိကြလို့လည်းဖြစ်နိုင်ပါတယ်။ ဟုတ်ကဲ့...ကျောင်းသားတွေ မကြာခဏ ..."လွယ်လွယ်လေးပါ...ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ငါသိပါတယ်" ဆိုပြီး...မှားတတ်ကြတဲ့ ဆင်တူယိုးမှား စကားလုံး သုံးလုံးကိုရှင်းပြပါရစေ။ sometimes sometime some time တို့ပါ။ word form နဲ့ အဓိပ္ပါယ်ကို အရင်ကြည့်ပါ။ sometimes (s ပါတယ်) Adverb ပါ။ တခါတရံ sometime ( s မပါဘူး) Adverb လည်းဖြစ်နိုင်တယ်။ Adjective လည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဓိပ္ပါယ် မတူပါဘူး။ Adverb ဆိုရင်... တနေ့နေ့ တချိန်ချိန်မှာ...ဘယ်တော့လို့တော့ အတိအကျမပြောဘူး။ sometime ဟာ Adjective ဆိုရင် former နဲ့ အဓိပ္ပါယ်တူတယ်။ အရင်လုပ်ခဲ့ဖူးတဲ့ အလုပ်တို့ ရာထူးတို့ကို ပြောရင်သုံးတယ်။ some time ( s မပါဘူး။ တစ်လုံးစီခွဲရေးရတယ်) Noun ပါ။ အချိန်တော်တော်ကြာကြာလေး...လို့ဆိုရမယ်။ နမူနာဝါကျလေးတွေနဲ့ ရှင်းပြမယ်..... ၁။ sometimes ( adverb) = now and then, occasionally တခါတရံ၊ တခါတလေ Sometimes

Ellipsis (Htet Zaw Htoo)

Image
Ellipsis   Ellipsis ဆိုတာ " ဝါကျရဲ့ အဓိပ္ပါယ်မပျက်စေဘဲ (မထိခိုက်စေဘဲ) ဝါကျတွင်း စာလုံးချန်ခြင်း၊ မြှုပ်ရေးခြင်း" ဖြစ်ပါတယ်။ ဥပမာ- He's leaving but I'm not leaving ကို He's leaving but I'm not. လို့ ရေးလို့ရပါတယ်။ အခုဆက်ပြီး ဘယ်အချိန်မှာ စကားလုံးတွေကို ချန်ခဲ့နိုင်လဲဆိုတာကို ကျောင်းတုန်းက Straightforward C1 မှာ သင်ခဲ့ရတာလေး ပြန်ရေးပါရစေဗျာ။ ✏ Words are often omitted after 'and' and 'but'.        'and' နဲ့ 'but' ရဲ့နောက်က စကားလုံးတွေကို ချန်ခဲ့လို့ (မြှုပ်ရေးလို့) ရပါတယ်။ e.g He's made friends with some of the older boys and (the older) girls in the school.  ✏ The main verb (and its object) can be omitted after an auxiliary verb.        Auxiallry verb ရဲ့နောက်က main verb နဲ့သူရဲ့ Object ကိုလည်း ချန်ရေးလို့ရပါတယ်။ e.g I've seen the film "Mudra Calling" but he hasn't. (seen the film) She wanted to come with us but she couldn't. 👉 ' Be' and 'Been' cannot be

ကြွားပြောတာ .. လေလုံးထွားတာနဲ့... ပိုပြောတတ်တာ (ဒေါက်တာစိုးသန်း)

Image
ြ ကြွားပြောတာ .. လေလုံးထွားတာနဲ့... ပိုပြောတတ်တာ ကဲ ဒီတခေါက်တော့ သိသလိုလို မသိသလိုလိုလေး ဖြစ်နေတတ်ပြီး တကယ့်လက်တွေ့သုံးကြတဲ့အခါမှာ အင်္ဂလိပ်စာ အတော်အသင့်တတ်ပြီးသား ကျောင်းသားတွေတောင် မှားတတ်ကြ ရောထွေးနေတတ်ကြတဲ့ စကားလုံးလေးတွေ ... အသုံးလေးတွေကို မှန်ကန်စွာ သုံးတတ်စေရန် နမူနာဝါကျလေးတွေနဲ့ ရှင်းပြပေးပါ့မယ်။ ⭐️⭐️ ကြွားသည်၊ ကိုယ်ရည်သွေးသည် ... လို့ပြောချင်ရင် အောက်မှာပေးထားတဲ့ Verb တွေကို သုံးပါ။ - brag= ကြွားဝါသည် - boast= ကြွားပြောသည်။ ဂုဏ်တင်ပြီး ပိုပိုသာသာလေးပြောသည် - crow= ဂုဏ်ဖော်ဝင့်ကြွားသည် - swagger= အော်ကြီးဟစ်ကျယ်ကြွားဝါသည် - talk big= အကြွားပိုသည်။ အပြောကြီးသည် နမူနာဝါကျလေးတွေနဲ့ တွဲပြီး လေ့လာကြရအောင်။ Ko Ko likes to brag that he is the best student in the class. ကိုကိုဟာ အတန်းထဲမှာ သူအတော်ဆုံးလို့ ကြွားတတ်တယ်။ The parents often boast about their children's good grades. သူတို့ခလေးတွေရဲ့ အောင်စာရင်းအဆင့်ကောင်းကြောင်းကို မိဘတွေက ကြွားလေ့ရှိတယ်။ Mg Mg was crowing with pleasure about winning the football match. မောင်မောင်ဟာ ဘောလုံးပွဲနိုင်တာကို ပါးစပ်အရ

ကလေးထိန်းရင်း English လေ့လာကြမယ် (ထက်ဇော်ထူး)

Image
ကလေးထိန်းရင်း English လေ့လာကြမယ် အခုရက်ပိုင်း အလုပ်တွေရှုပ်နေပေမဲ့ အလည်ရောက်နေတဲ့တူလေးကိုလည်း babysit လုပ်ဖြစ်ပါတယ်။ ဒီနေ့ babysit နဲ့ ဆိုင်တဲ့ အသုံးလေးတွေ (ကျောင်းမှာတုန်းကသင်ခဲ့ရတာပါ) မှတ်မိသလောက် ပြန်ရေးပေးပါ့မယ်။ 👶 bib /bɪb/   က အစားစားတဲ့အခါ အင်္ကျီတွေမလူးမိအောင် သားသား/မီးမီးတို့ရဲ့ မေးစေ့အောက်မှာ ချည်ပေးထားတဲ့ အဝတ် (သို့) ပလတ်စတစ်စလေးပါ။ သွားရည်ခံပေါ့။ ➡ your best bib and tucker  ဆိုတဲ့အသုံးလည်း မှတ်ထားပါ၊ "တစ်ယောက်ယောက်ရဲ့ အကောင်းစားအဝတ်အစား" ဆိုပြီး စနောက်ပြောရမှာ သုံးပါတယ်။ 👶 burp /bɜːp $ bɜːrp/ ကို 'လေချဉ်တက်တယ်' လို့တော့ သိထားကြပါတယ်။ ကလေးတစ်ယောက်ကို လေချဉ်တက်အောင် သူရဲ့ကျောလေးကို ညင်ညင်သာသာလေးရိုက်ပေးတာကိုလည်း burp လို့ သုံးနိုင်ပါတယ်။ သူရဲ့Synonym က belch/beltʆ/ ပါ။ 👶 burst into tears burst into something ဆိုတဲ့ phrasal verb ရှိပါတယ်။ 'ငိုတာ/ရယ်တာ/သီချင်းဆိုတာ' စတာတွေ လုပ်ရမှာ ရုတ်တရက်အသံစထွက်လိုက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ burst into tears ကတော့ ငိုတော့မလို့ စပြီး 'အဲ့' ဆိုတဲ့ အသံလေးထွက်လာတယ်ပေါ့။ E.g Su Su looked as if s